ထို့နောက် အကုန်သိမ်းဆည်းပြီးစီး၍ နှစ်ယောက်သား အပေါ်သို့တက်သွားလိုက်လျှင် သူတို့ကိုစောင့်နေကြသည့် ကလေးနှစ်ယောက်အား တွေ့ရလေသည်။
သို့သော် တွေ့ရသည့်ပုံစံမှာ သိပ်တော့အချိုးပြေမနေ။
ကော်ဇောပေါ်မှာထိုင်နေသောနေသန်ကို ပဝါတစ်စအား Setsuko ကဲ့သို့ ခေါင်းမှာစည်းထားလေသည့်နိုရာက ကျောပေါ်သို့တက်၍ ကျောပိုးခိုင်းနေလေသည်။
"ကိုကို Seita လိုမျိုး ကျောပိုးပြီးတော့ ပြေးနိုင်လား..."
"ဘယ်လိုလုပ်ပြေးနိုင်မှာလဲ ဆင်း အခု..။ဝိတ်ကလဲ အလေးကြီးပဲ..."
"ဟင့်အင်း ဘာမှမလေးဘူး...။ Seita လိုကျောပိုးပေး..."
ထိုအခါ စိတ်ကျေနပ်အောင် ခဏထကာ ကျောပေါ်တင်လိုက်သောနေသန်ကြောင့် အခုမှထမင်းစားပြီးကာစမို့ ပျာသွားရသောသူသည် ကမန်းကတန်းသွား၍ နိုရာ့ကိုကျောပေါ်ကနေဆွဲခွာရင်း စွေ့ခနဲပွေ့ချီလိုက်ရသည်။
"သမီး မလုပ်ရဘူးလေ...။ကိုကိုက သမီးနဲ့ရွယ်တူကို ဘယ်လိုလုပ်ကျောပိုးနိုင်မှာလဲ..."
" Setsuko ကိုကျတော့ သူ့အစ်ကိုက ကျောပိုးပြီးတော့တောင်ပြေးတာ..."
" Seita က Setsuko ထက် အသက်ကြီးတယ်လေ...။ပြီးတော့ ခန္ဓာကိုယ်အရွယ်အစားချင်းလဲ ကွာတယ်...။ကိုကိုနဲ့ ဘယ်တူမှာလဲ..."
"သင်တန်းမှာဆို ကိုကိုက နိုရာ့ကို ခဏခဏကိုင်ပေါက်တာ..."
နေသန်က သူ့ညီမ၏နဖူးကို ဆတ်ခနဲတောက်၍
"မကျေနပ်ရင် ပြန်ပြီးကိုင်ပေါက်လေ..."
"ကိုကိုကမှ နိုရာ့ကိုအလျှော့မပေးတာ..."
"သင်တန်းမှာလေ့ကျင့်နေပါတယ်ဆို ဘာလို့အလျှော့ပေးရမှာလဲ..."
"အဲ့ဒါဆို အခုကိုင်ပေါက္မယ်...။ကိုကိုအလျှော့ပေး..."
"တော်ပြီလေ သမီးရဲ့..။ခုနကမှ ကိုကိုရော နိုရာရော ညစာစားထားတာကို...။စားပြီးကာစမှာ ဒီလိုတွေမလုပ်ရဘူး ဗိုက်တွေနာကုန်လိမ့်မယ်...။လာ နှစ်ယောက်လုံးတော်တော့..။ကြည့်စရာရှိတာကြည့်ကြစို့.."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Why do fireflies have to die so soon?
Start from the beginning
