Why do fireflies have to die so soon?

Start from the beginning
                                        

"နေသန်ကို စနေဦးမယ်ထင်တယ်...။တော်သေးတာပေါ့..၊အစားစားနေတုန်းပြောတာက Chihiro ဖြစ်နေလို့..။နို့မို့ဆို နေသန်အစားအသောက်ပျက်နေဦးမှာ...။အခုကြည့်ရတဲ့ပုံစံကတော့ အေးဆေးပါပဲ..."

"အွန်း ခုထိတော့ အေးဆေးပဲ...။ကြည့်ပြီးရင်သာ ဘယ်လိုလာမလဲမသိတာ..."

သူတို့နှစ်ယောက်သည် ဒီဇာတ်ကားနှင့်ပတ်သက်၍ ဒီလောက်အလေးအနက်ထားပြောဆိုနေရခြင်းမှာ အကြောင်းရှိလေသည်။နေသန်နှင့်နိုရာတို့ ငါးနှစ်အရွယ်မှာ ပထမဆုံးအခေါက်အဖြစ် ကြည့်ခဲ့သောဒီဇာတ်ကားသည် မှတ်မှတ်ရရ ထိုစဉ်က နေသန်နှင့်ပတ်သက်ပြီး ဗျာမများစဖူး များခဲ့ကြရသောအချိန်ဖြစ်သည်။ထိုဇာတ်ကားကြည့်ပြီးကတည်းက သူ့ညီမကိုအပျောက္မခံတော့ဘဲ ညအိပ်လျှင်တောင် နိုရာ့ကုတင်ကိုသွားကာ နှစ်ယောက်ပေါင်းအိပ်တတ်သည်မို့ အအိပ်ကြမ်းသောနိုရာက လာအအိပ်မခံသော်လည်းမရ။

ဒါတင်ပဲလားဆိုတော့လည်းမဟုတ်။

အစားစားပြီဆိုသည်နှင့် သူ့ညီမပါးစပ်ထဲကို မစားရတော့မှာစိုးသလို ဇွတ်အတင်းထိုးကျွေးတတ်လေရာ ကြာလာတော့ စိတ်မရှည်တော့သည့်နိုရာက အော်ဟစ်သောင်းကျန်းလေသောအခါတွင် သူတို့မိဘနှစ်ပါးမှာ မောင်နှမကြားထဲပြေလည်အောင် ဖျန်ဖြေကြရပြန်သည်။ထိုသို့သော နေသန်၏ဆိုက်ကိုဖောက္မှုက တစ်ပတ်လောက်ကြာသည်အထိဆက်တိုက်ဖြစ်ကာ သူကိုယ်တိုင်မြင်းစီးသင်ပေးမည်ဟု အာရုံလွှဲလေသောအခါမှပင် ပုံမှန်ပြန်ဖြစ်သွားရခြင်းသာဖြစ်‌ေပသည်။ထိုသို့ဖြင့် နောက်တစ်ခါ ခုနစ်နှစ်အရွယ်မှာပြန်ကြည့်ရတော့လည်း ပထမတစ်ခေါက်လောက္မပြင်းထန်သည့်တိုင်အောင် ဆိုက်ကိုဖောက်သည်ကတော့ ဖောက်စမြဲပင်။

"ကြည့်ပြီးရင် ဘယ်လိုနေမလဲဆိုတာ စောင့်ကြည့်ရမှာပဲ...။ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက္မှာ နေသန် ဘယ်လိုခံစားလဲ ဘယ်လောက်ထိန်းချုပ်နိုင်ပြီလဲဆိုတာ သိရတာပေါ့..။ဒါတွေသိချင်လို့လဲ သူတို့ကျောင်းက ကြည့်ပြီးသားတွေကို ပြန်ပြန်ကြည့်ခိုင်းနေတာမို့လား..."

မှန်ပေသည်။

နေသန်တို့ကျောင်းက ကလေးတွေကို စာအုပ်ဖြစ်စေ၊ဇာတ်ကားဖြစ်စေ ဘယ်တော့မှ တစ်ခေါက်တည်း ဖတ်ခိုင်းလေ့၊ကြည့်ခိုင်းလေ့မရှိ။တစ်တန်းပြီးတစ်တန်းတက်ကာ တစ်နှစ်ပြီးတစ်နှစ် အသက်တွေကြီးလာလေ ကလေးတေွ၏ တွေးခေါ်ပုံ၊ယူဆပုံ၊ခံယူပုံတွေက ပြောင်းလဲသွားလေဖြစ်သောကြောင့် ထိုပြောင်းလဲမှုတွေကို အလွတ်မပေးဘဲ အကဲခတ်ချင်လေသော Wisdom Woods ၏ သင်ရိုးညွှန်းတမ်းတွေသည် သူတို့နှစ်ယောက်ကို စိတ်ကျေနပ်မှုအပြည့်အဝရှိစေပါသည်။ငါးနှစ်အရွယ်ကကြည့်ခဲ့သောဇာတ်ကားကို ခုနစ်နှစ်အရွယ်မှာပြန်ကြည့်သောအခါတွင် ကလေးတွေ၏ ထိုဇာတ်ကားအပေါ်မှာမြင်သည့်အမြင်က တစ်ထပ်တည်းမတူညီနိုင်တော့။ထို့အတူ ခုနစ်နှစ်အရွယ်ကခံစားမှုနှင့် ဆယ်နှစ်အရွယ်၏ခံစားမှုမှာလည်း တူညီနိုင်မည်မဟုတ်ပေ။တူညီသောဇာတ်ကားကို မတူညီသောအသက်အရွယ်တွေမှာ အခေါက်ခေါက်အခါခါထပ်ကြည့်ခိုင်းခြင်းအားဖြင့် တစ်ခေါက်နှင့်တစ်ခေါက် ပြောင်းလဲလာသော၊ကြည့်မြင်ခံစားတတ်လာသော မတူညီမှုတွေကို ကလေးကိုယ်တိုင်ကသတိထားမိကာ မိဘတွေနှင့်သင်ကြားသူတို့ကိုယ်တိုင်လည်း သတိပြုမိလာမည်ဖြစ်‌ေပသည်။

You are the only Exception!Where stories live. Discover now