ပြောနေရင်းနှင့် နေသန်သိပ်မစားသည့် ဘရိုကိုလီကို သူကြိုက်တတ်လေသောပုစွန်နှင့်ရောကာ တစ်လုတ်ခွံ့ကျွေးလိုက်သည်။ထိုအခါ သားက ကောင်းကောင်းစားပြနေရင်း ပါးစပ်ထဲကကုန်သွားလျှင်
"မေမေ ထပ်ကျွေးဦး..."
ရွှေခေတ်က ကျေနပ်စွာပြုံးကာ နောက်တစ်လုတ်ထပ်ခွံ့လိုက်လျှင် နိုရာက သူ့အစ်ကိုကို နှာခေါင်းရှုံ့ကြည့်လိုက်ရင်း
"ဒီလောက်ကောင်းတဲ့ဘရိုကိုလီကို မေမေခွံ့ကျွေးမှပဲစားတယ်တဲ့..။နိုရာဆို ကြိုက်လွန်းလို့ ဒီလိုလုပ်ပေးစရာတောင်မလိုဘူး..."
ပြောပြီးသည်နှင့် ဘရိုကိုလီတစ်ဖတ်နှင့်ပုစွန်တစ်ကောင်ကို ခက်ရင်းနှင့်ထိုးကာ ပါးစပ်ထဲထည့်လိုက်သောကြောင့် သူက သဘောကျစွာ ပြုံးကြည့်နေမိရင်းမှ
"သမီးမကြိုက်တာရော ဘာရှိသေးလို့လဲ..."
"ရှိဘူးလေ ဖေဖေရဲ့ ဟီးဟီး..."
စားနေရင်းက မဆိုင်းမတွပြန်ပြောကာ တဟီးဟီးရယ်နေသောနိုရာကို သီးဦးမယ် ဟု သူကပြောလိုက်ရင်း ပါးစပ်ထဲကကုန်သွားလျှင် ရေတစ်ခွက်တန်းတိုက်လိုက်သည်။
ထို့နောက် ညစာစားပြီးသည်နှင့် မောင်နှမနှစ်ယောက်သား TV ရှိရာအခန်းဆီသို့တက်သွားကြစဉ်တွင် ရွှေခေတ်က သူ့အနားကိုကပ်ကာ ခပ်တိုးတိုးပြောလာသည်။
"ကို ဒီနေ့ ကလေးတွေကြည့်ရမဲ့ဇာတ်ကားက ဟိုဇာတ်ကားတဲ့..."
သူမ၏လေသံကြောင့် သူက လှေကားပေါ်တက်သွားကြသည့်ကလေးတွေကို တစ်ချက်လှမ်းကြည့်ရင်း ခပ်တိုးတိုးပင်ပြန်မေးလိုက်သည်။
"ဘယ်ဇာတ်ကားလဲ..."
"Grave of the fireflies လေ..."
သူက ဇာတ်ကားနာမည်ကြားသည်နှင့် အထာပေါက်သွားသလိုပြန်ကြည့်လာကာ
"နေသန်ကရော ဘာပြောလဲ..."
"ဘာမှမပြောဘူး...။သူ့ညီမ စတာကိုပဲ ငြိမ်ခံနေတယ်...။ကို့သမီးကတော့ ကျောင်းဆင်းကတည်းက သူ့ကိုယ်သူ Setsuko ဇာတ်သွင်းနေတာ...။အခုလဲ ချိုချဉ်ဘူးယူပြီးတက်သွားပြီ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Why do fireflies have to die so soon?
Start from the beginning
