Why do fireflies have to die so soon?

Start from the beginning
                                        

"အိုခေ..."

ပြောပြီး သားအဖနှစ်ယောက် လက်ဝါးချင်းရိုက်လိုက်ကြလျှင် နိုရာကတော့ သူ့အစ်ကို၏လက်ကိုဆွဲပြီး မနာအောင်ကိုက်ကာ ခွေးလေးတစ်ကောင်လိုဆွဲခါနေရင်း ကလေးတွေအမေကတော့ မခံမရပ်နိုင်စွာပဲ ပြန်လည်ခွန်းတံု့ပြန်လာသည်။

"ဟား.....ဟာသပဲ သားအဖနှစ်ယောက်ပေါင်းပြီးတော့များ တို့သားအမိကိုပြောဆိုနေလိုက်တာ...။သား...ဖေဖေ့စကားကိုနားယောင်ပြီးတော့ လိုက္မပြောနဲ့လေ...။ပြီးတော့ အစားအသောက်ရွေးတယ် ဂျီးများတယ်ဆိုတာ ဘယ်နေရာမှကောင်းကျိုးမရှိဘူး...။အဲ့နေရာမှာ ဖေဖေ့ကို သွားအတုမယူနဲ့"

"သားက အကုန်စားတယ်လေ မေမေ..."

"ဟုတ်တယ်လေ...၊ကိုယ့်သားက ဘယ်မှာအစားရွေးလို့လဲ...။ကျွေးသမျှအကုန်စားနေတာပဲကို.."

"ဟုတ်ပါတယ်...၊ကျွန်မသားက ကျွေးသမျှအကုန်စားတယ်...။ကိုသာ ဒီအရွယ်ကြီးထိ ဟိုဟာဒီဟာရွေးစားနေတာ...၊ကလေးတွေရှေ့မှာ မရှက်ဘူးလား..."

"အဟွန်း မရှက်ပါဘူး...။ကိုယ်အစားရွေးတာက ကျန်းမာရေးကို ဘာထိခိုက်နေလို့လဲ...။အစားရွေးရက်နဲ့တောင် ဒီလိုဖြစ်အောင်နေနိုင်တာ ဂုဏ်ယူစရာမဟုတ်ဘူးလား..."

"ဟုတ်မနေဘူး...။သား ဖေဖေအခုပြောတာတွေကို မကြားဘူးလို့မှတ်လိုက်...။စုံစုံလင်လင်စားပြီးတော့ ကြီးထွားတာကမှ ဂုဏ်ယူစရာကောင်းတာ သိလား..."

သားက နိုရာ့နဖူးကိုတွန်းပြီး ကိုက်ဆွဲထားသောပါးစပ်ထဲကနေ သူ့လက်သူပြန်ဆွဲယူရင်းမှ ပြုံးစေ့စေ့လေးလုပ်နေလျှင် သူက မျက်ခုံးပင့်ပြလိုက်ကာ

"သားမေမေပြောတာ နားထောင်လိုက်..။မဟုတ်လဲ ဖေဖေတို့က ရင်ဘတ်ချင်းနီးပြီးသားပဲ..၊ပြောနေစရာမလိုဘူး ဟုတ်တယ်မို့လား..."

"ဘာရင်ဘတ်ချင်းနီးတာလဲ...။ကျန်တာ အကုန်တူလို့ရတယ်...၊အဲ့ဒီဂျီးများတာကိုတော့ လိုက္မတူစေနဲ့။မေမေက ဘယ်ဟာမဆို အားရပါးရစားမှကြိုက်တာ...။ကျန်တဲ့နေရာတွေ ဖေဖေနဲ့တူနေတာကို ဒီတစ်ခုလေးတော့ မေမေနဲ့တူလိုက်လေနော်..."

You are the only Exception!Where stories live. Discover now