Chapter - 9 (Part 2)

Start from the beginning
                                    

ချန်ဇီက လက်သုံး​ချောင်း​ထောင်ပြရင်း "သုံးကြိမ်တည်းပါ, သူက အရမ်းကို ယဥ်​ကျေးပြီး​တော့ သီးသန့်ဆန်တယ်, မင်းမရှိဘူးလို့ပြောလိုက်​​တော့ သူ တခြားဘာမှ ဆက်မ​မေး​တော့ဘူး, ​နောက်ဆုံးအ​ခေါက်တုန်းက သူ ငါ့အသံပဲကြား​တော့ ချက်ချင်းကို ​တောင်းပန်​​တော့တာ"

"အဲ့လိုလား..." ​ရှောင်ရွှမ်းက တခြားဘာမှဆက်မ​ပြော​တော့ဘဲနဲ့ အူးယမ်ရဲ့ပုံစံကို ​တွေးဆ​နေခဲ့တယ်။ ချန်ဇီ မှန်တယ်။ ဒီလိုမျိုး အားနည်းပြီး သာမန်ဆန်တဲ့လူတစ်​ယောက်က ဘာမှ​ထူးခြားမ​နေ​ဘူး။ သူက နည်းနည်းသနားစရာ​ကောင်း​နေရုံသက်သက်ပဲ။

​ရှောင်ရွှမ်းက ​​နောက်တစ်ကြိမ်သာ အူးယမ် သူ့ဆီဆက်လာခဲ့ရင် ​ချော့ဖို့အတွက် ပိုပြီး​တော့ ညင်သာတဲ့အသံမျိုးကို သုံးရမယ်လို့ တွေးလိုက်မိတယ်။

ဒါ​ပေမယ့် သူ့ရဲ့ဖုန်းကို ပြန်ရပြီး​တဲ့နောက်​​တော့ အူးယမ်က သူ့ဆီကို ထပ်မဆက်​တော့ဘူးဖြစ်တယ်။

အူးယမ်က နှစ်ရက်​လောက်ဖျား​ပြီးတဲ့​နောက် စာသင်ဖို့အတွက် အတန်းဆီကို ပြန်လာတယ်။ သူတို့နှစ်​ယောက်က တစ်​ယောက်ကို တစ်​ယောက်မြင်​နေရ​ပေမယ့် ​ရှောင်ရွှမ်း သိလိုက်ရတာက​တော့ အူးယမ်က သူ့ကို မကြည့်​တော့ဘူးဆိုတာပဲ။

​​ရှောင်ရွှမ်းက ပုံမှန်လိုပဲ အတန်းထဲမှာ နှုတ်မဆက်​နေ​တော့ဘူး။ တစ်ခါတရံမှာ​တော့ သူတို့နှစ်​ယောက် မျက်လုံးချင်းဆုံ​မိ​ပေမယ့် အူးယမ်ဘက်ကပဲ မြန်မြန်လွှဲသွားတယ်။ အတန်းအပြင်မှာ ​တွေ့ပြန်​တော့လည်း သူက "မင်္ဂလာပါဆရာ" လို့ အစပျိုးနှုတ်ဆက်လိုက်တာနဲ့ အူးယမ်က ပြန်နှုတ်ဆက်သလိုမျိုး ​ခေါင်းကို ဗလုံးဗ​ထွေးညိမ့်ကာ မြန်မြန်ဖြတ်​လျှောက်သွားတယ်။

သူက ​စာအတွက် မေးခွန်း​တွေ​မေးဖို့ ​ရောက်လာခဲ့ရင်လည်း လိုအပ်တဲ့အ​ဖြေကလွဲပြီး ကျန်တာ ဘာမှမ​ပြောဘူး။ အ​ခြေခံအားဖြင့်​ကြည့်ရရင်တော့ အူးယမ်က သူ့ကို လုံးဝစကားမ​ပြော​တော့တာပါပဲ။

အူးယမ်က တကယ်ကို တုံးအတဲ့လူတစ်​ယောက်ဖြစ်​ပေမယ့် ဒီတစ်ခါ​တော့ သူက မြန်မြန်ဆန်ဆန် နားလည်မိလိုက်ပုံရတယ်။ သူ့ဘက်က သ​ဘောထားကို သိရဖို့အတွက် အချိန်တစ်ရက်နဲ့ ဖုန်း​ call သုံးကြိမ်သာ ​လိုအပ်လိုက်တယ်​လေ။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now