ဟက်...
ရှုမင်ရန်က ကုချန်၏ ဖြူစင်ပြီး အပြစ်ကင်းစင်သည့် ပုံကြောင့် တစ်ချက်ရယ်လိုက်သည် ။ ကောင်လေးတစ်ယောက်အား ရှုံးနိမ့်သွားရသည့်အတွက် သူက အလွန်ဒေါသထွက်ခဲ့သည် ။ သူ့အား ချုပ်နှောင်ခဲ့သည့် လူများအား ဒေါသကို ပုံချပြီးမှသာ စိတ်ငြိမ်သွားခဲ့သည် ။ စုံစမ်းကြည့်သည့်အခါတွင် သူ့ ရှယ်ယာတစ်ဝက်ပါဝင်သည့် ဖောင်ဒေးရှင်းမှ ဖွင့်ထားသည့် ကျောင်းတွင် တက်ရောက်နေကြောင်း သိရှိခဲ့ရသဖြင့် ဒီနေရာသို့ ရောက်လာခဲ့ခြင်း ။
ဆရာမက ကုချန်အား နှစ်သိမ့်လိုက်သည်။ " အားချန်.. မင်းက ကံကောင်းတယ်... Mr. ရှုက မင်းကို ကျောင်းကောင်းကောင်းမှာ ထားပေးမှာ မလို့.. ဆရာမတို့က သားကို ကျောင်းပြောင်းပေးမှာပါ ...ထုတ်တာ မဟုတ်ပါဘူး "
ကုချန်က ရှုမင်ရန် အား မယုံကြည်ဟန်ဖြင့် တစ်ချက်စောင်းငဲ့ကြည့်လိုက်သည် ။ ပြီးနောက် သူက ရှုမင်ရန်အား လက်ညိုးထိုးလိုက်ကာ  " အဲ့လူကြီးက ကျွန်တော့်ကို သတ်ချင်နေတာ .. မလိုက်ဘူး "
ရုံးခန်းထဲတွင် ရှုမင်ရန် အပါအဝင် လူတိုင်းဆွံ့အသွားကြသည် ။ ရှုမင်ရန်က ကုချန်အား တစ်ချက်ကြည့်လိုက်သည် ။ သူက ဒီကောင်လေးသည် ဒီလိုပြောမည်ဟု မမျှော်လင့်ထားသည်မှာ အမှန်ပင် ။ မနေ့ကလို ဉာဏ်ကောင်းသည့်ပုံစံအရ သူ့ပါးစပ်က ထွက်လာသင့်သည်က မလိုပါဘူး ဒီမှာလည်း အဆင်ပြေတာမို့  ဒါမှမဟုတ်  ကောင်းပါပြီ  ဟု ဖြစ်သင့်သည် ။ ရှုမင်ရန်သည် အတွေးများ ယောက်ယက်ခတ်နေသော်လည်း မျက်နှာထက်တွင် ‌မဖော်ပြထားပေ ။ သူထံသို့ ကြည့်လာသည့် အကြည့်များအား အပြုံးတစ်ခုနဲ့သာ တုန့်ပြန်လိုက်သည် ။
" အားချန်.. လူကြီးမင်း ရှုကို အဲ့လိုမပြောရဘူး .. အဲ့ဒါ မင်းရဲ့ ကျေးဇူးရှင် .." ကုချန်က ကျောင်းအုပ်ကြီး၏ စကားကြောင့် ရှုမင်ရန်သာ မြင်နိုင်ရန် နှာခေါင်းရှုံ့ပြလိုက်သည်။ သူက ကျောင်းအုပ်ကြီးဘက် လှည့်လိုက်ကာ ကူကယ်ရာမဲ့သည့် ပုံစံလေးဖြင့် မေးလိုက်သည်။  " ဒီက လူကြီးမင်းရှုက ကူညီမှုအတွက် ဘာတောင်းဆိုချက်များ တောင်းဆိုထားပါသလဲ "