ကုချန်က ရုတ်တရက်ထရပ်လိုက်သည်။ တကယ်လို့ သူသာ ထပ်ပြီး OOC ဖြစ်ပါက ထိုပုံရိပ်များ ပြန်ပေါ်လာမည်လား ။ သူက လက်ကောက်ဝတ်က လက်ပတ်ရှိ ဂဏန်းများကို ကြည့်လိုက်သည် ။
' 5259 .. တစ်ခါဖြစ်ရင် 500 ဆိုတော့ ဆယ်ခါလောက်တော့ ရလောက်တယ် ..' ကုချန်၏ အတွေးအား system ၏ တဖက်ရှိ လူငယ်လေးသာ ကြားပါက ဘူးသီးလုံးလောက် မျက်ရည်များကျလာပေလိမ့်မည်။ တစ်ခါလေး OOC ဖြစ်ခြင်းကြောင့် လုပ်ဆောင်ချက်အချို့ သုံးစားမရဖြစ်သွားခဲ့ခြင်း ကုချန်သာ ဆယ်ခါလောက် OOC ဖြစ်အောင် လုပ်ပါက သူ့ကိုယ်သူ သတ်သေမိမလားပင် ။
ကုချန်က အရင်တစ်ခါတုန်းက နာကျင်မှုကို တွေးမိလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်ကာ " ငါက ကုချန်.. မဟုတ်ဘူး "
" ငါက ကုချန် မဟုတ်ဘူး "
" ငါက သူမဟုတ်ဘူး "
" ငါက ကုရန် နဲ့ ယွီရှ ရဲ့ သား ကုချန်မဟုတ်ဘူး !!!"
သူက ထူးခြားလာခြင်းမရှိသည့် ခေါင်းကို ရိုက်လိုက်ကာ " တစ်ယောက်ယောက်ကို ပြောမှရတာလား "
ခနအကြာတွင် ကုချန်က အခန်းတွင်းသို့ ခပ်တည်တည်ဖြင့် ပြန်ရောက်လာသည်။ သူ့အနောက်တွင် သူ့အား သနားစဖွယ်ကြည့်နေသည့် အိမ်ငှား အန်တီကြီးသာ ကျန်နေခဲ့သည် ။
" ဒီကလေး... ရုပ်လေးနဲ့မလိုက်.. သနားစရာပါလား .."
ကုချန်က မျက်မှောင်ကြုတ်လိုက်သည် ။ " ငါက သေချာပေါက် ဇာတ်လိုက်နဲ့ ထပ်တွေ့မှ ရမယ် ထင်တယ် .."
________
ကုချန်သည် သူဝင်လိုက်သည်နဲ့ အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည့် စာသင်ခန်းကြောင့် ခြေလှမ်းက အခန်းဝတွင် ရပ်သွားခဲ့သည် ။သူ့ခုံနေရာတွင် မည်းမှောင်သည့် မျက်နှာဖြင့် ထိုင်နေသည့် ဖန်ဟောက် ထံသို့ အကြည့်ရောက်သွားခဲ့သည် ။
ထိုအချိန်တွင် ဆရာမသည် ရောက်လာခဲ့သည်။ သူမသည်လည်း ကုချန်ကို ကြည့်ရင်း အမှုအရာပြောင်းသွားခဲ့သည်။ ကုချန်က ဆရာမအနောက်တွင် လိုက်ပါလာသည့် အေးစက်စက်မျက်နှာဖြင့် ရှုမင်ရန် ကို တွေ့လိုက်ရသည် ။
" ကျွန်တော်က ဘာအပြစ်ရှိလို့ ကျောင်းထုတ်ရတာလဲ .." ကုချန်က အံ့အားသင့်စွာ ကြည့်ရင်း ကျောင်းအုပ်ကြီးအား ပြောလိုက်သည် ။ " ဖန်ဟောက်က သူ့ဘာသာ လဲကျသွားတာ .. ကျွန်တော်နဲ့ မဆိုင်ဘူး "