အပိုင်း ၁၀

Bắt đầu từ đầu
                                    

စားနေရင်း ခန္ဓာကိုယ်လေးကို ရှေ့တိုးလို့ သူ့ကို လာအဖော်ညှိပြီး ဝေဖန်လေကန်​ရေးလုပ်ချင်နေပုံပေါ်တဲ့ အကောင်ပေါက်လေးကြောင့် Chanyeol စားပွဲပေါ်ထက် တံတောင်နှစ်ဖက် ထောက်တင်လို့ လက်ချောင်းတွေကို ယှက်သွယ်ထားလိုက်တယ် ။

" ထင်သလောက် စျေးမကြီးပါဘူး ။
cake မုန့်လေးပဲကို "

မယုံသလို မျက်လုံးလေးမှေးကြည့်လာပေမယ့် ကြာကြာမခံဘူး ။ Cake ကို ပြန်အာရုံရောက်သွားပြီး တစ်ဇွန်းပြီး တစ်ဇွန်း မျက်စိမှိတ်အရသာခံလို့ ပျော်ပျော်ကြီး စားနေရှာတယ် ။

အခု သူတို့တည်ရှိနေတာက ခြံဝန်းထဲက ဂေါက်ကွင်းကျယ်ကြီးရဲ့ အစပ်မှာ နားနေဆောင်သဖွယ် ပတ်ပတ်လည် မှန်အကြည်တွေ အပြည့်နဲ့ ကာရံတည်ဆောက်ထားတဲ့ အဆောင်လေးထဲမှာ ။

အဆောင်လေးလို့ သုံးနှုန်းထားပေမယ့် အမှန်တကယ်က အတော်ကိုကျယ်ဝန်းတဲ့ မှန်လုံအိမ်တစ်ခု ဖြစ်ပြီး မနက်စာစားဖို့ စားပွဲရယ် ဘေးဘက်မှာ Buffet သဖွယ် ဟင်းပွဲတွေကို ခင်းကျင်းထားတာတွေ ရှိတယ်။ အားလုံးက နာမည်ကြီး chef တွေကိုယ်တိုင် အသေးစိပ် စီစဥ်ပေးထားတာဖြစ်ပြီး ခုနက သူစားတဲ့ အချိုပွဲတစ်ပွဲကို လုပ်ဖို့ သီးသန့်ငှားထားရတဲ့ မုန့်ဖုတ်ဆရာရဲ့ တစ်မနက်စာ အခကြေးငွေပမာဏ ကို သိရင် ဒီဆေးကျောင်းသားလေး စားဝင်နိုင်တော့မှာတောင် မဟုတ်ဘူး ။

ပိုက်ဆံကို လိုတာထက်ပိုပြီး ဖြုန်းနေမိတာ မှန်ပေမယ့် Chanyeol တစ်သက် ဒီလောက်ပျော်ရွှင်ရတဲ့ ငွေသုံးစွဲမှုမျိုး မရှိခဲ့ဘူး ။ သူတစ်သက်တာ အလကားသက်သက် ရှာဖွေလာခဲ့တဲ့ စည်းစိမ်တွေက ခုမှ သုံးဖို့နေရာမှန်ကို ရှာတွေ့သွားသလိုပဲ ။

" မြင်းစီးချင်လား ? "

" ဗျာ ? "

ကြောင်တောင်တောင် မျက်ဝန်းလေးတွေနဲ့ ပြန်မေးလာတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းထောင့်စွန်းလေးမှာ အနည်းငယ်ပေနေတဲ့ cream လေးတွေကို Chanyeol တစ်သျှူးစလေးနဲ့ ခပ်ဖွဖွ တို့ထိသုတ်ပေးရင်း ပြန်ဖြေလိုက်တယ် ။

" ဟိုး ခြံရဲ့ ဘယ်ဘက် လိမ္မော်ခင်းတွေ အကျော်မှာ မြင်းစခန်းရှိတယ် ၊ သွားကြည့်ချင်လား "

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ