Chapter - 8 (Part 1)

Start from the beginning
                                    

"အာ..." ​ရှောင်ရွှမ်းရဲ့အ​ပေါ်မှာ အခုလိုလှဲ​နေမိတာက သူ့ရဲ့အ​ရေပြား​တွေကို ပွတ်တိုက်​လိုက်သလိုဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်း သူ့အမိန့်ကို နာခံနိူင်စွမ်းမရှိ​တော့ဘူး။ သူတို့ဟာ တစ်​ယောက်နဲ့တစ်​ယောက် ဖိကပ်မိ​နေပြီး ပြန်ထဖို့စိတ်ဆန္ဒကလည်း ​ပျောက်​ဆုံး​နေကာ အူးယမ်က​တော့ မြင်ကွင်းတွေအ​မှောင်ကျသွားသလို​တောင် ခံစား​နေရတယ်။

" ​ဆော  ​ဆောရီး"

"ဆရာ..."​ ရှောင်ရွှမ်းက အူးယမ်ရဲ့​အောက်မှာဖြစ်ပြီး သူ့ကို ကြီးမားတဲ့မျက်လုံး​တစ်စုံနဲ့အတူ စိုက်ကြည့်​နေခဲ့တယ် "ဆရာ ဆန္ဒရှိ..."

"မရှိဘူး, လုံးဝပဲ!"

"အဲ့တာဆို ဆရာ ဘာလို့..." ​​ရှောင်ရွှမ်းက သူ့ကိုကူညီ​ပေးချင်တဲ့ပုံစံမျိုးနဲ့ အပြစ်ကင်းစွာစိုက်ကြည့်​နေခဲ့တယ်။

အူးယမ်ကလည်းပဲ သူ့ရဲ့ခေါင်းက​နေ ​ခြေဖျားထိ ပူ​လောင်​​ပြီး အခုထိမရပ်နိူင်​သေးတဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု​တွေကို ​သေ​သေချာ​ချာကြီးသိ​နေ​ခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကတင် ပူ​​နေတာမဟုတ်ဘဲ သူ့ရဲ့စိတ်ထဲမှာလည်း ပူ​လောင်​နေတာဖြစ်တယ်။ သူသာ အဲ့တာကိုမလုပ်လိုက်ရင် အခုလိုပဲ မခံမရပ်နိူင်​အောင် ဆက်ဖြစ်​​နေမှာပဲ​။

ဒါကမဖြစ်သင့်ဘူးဆိုတာ သူကိုယ်တိုင်လည်း သိ​​နေပေမယ့် ​ရှောင်ရွှမ်းရဲ့ခန္ဓာကိုယ်ကို​ သဘာဝအ​လျောက် စပြီးပွတ်သပ်​နေမိပြီ​တောင်ဖြစ်တယ်။ ဒီလိုမျိုး မကြုံစဖူး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိူင်စွမ်းပျောက်ဆုံးတာက သူ့ရဲ့သိက္ခာ​တွေကို လုံးဝပျက်ပြားသွား​စေတယ်။ ရှက်ရွံ့ပြီး​တော့ တကယ်ကို ခါးခါးသီးသီးနောင်တရမိ​ပေမယ့်လည်း တိတ်တိတ်​လေးသာ ​နေ​နေခဲ့​တော့တယ်။

"ဆရာ, ကျွန်​တော် နားလည်ပါတယ်, ဆရာ ဒီလိုလုပ်စရာမလိုပါဘူး" ​ရှောင်ရွှမ်းက ရုတ်တရက်အလွန်ရဲရင့်တဲ့သူရဲ​ကောင်းလို အမူအယာမျိုးနဲ့ "ကျွန်​တော် လုပ်​ပေးနိူင်ပါတယ်"

"မဟုတ်ဘူး​လေ, အဲ့လိုမျိုး မဟုတ်..."

​ရှောင်ရွှမ်းက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး သူ့ကို တင်းကြပ်စွာ ဖက်ထားကာ "ဆရာ, ဆရာက ကျွန်​တော့်အ​ပေါ် အရမ်း​ကောင်း​တယ်​လေ, ဒါက ကျွန်​တော် လုပ်​ပေးသင့်တဲ့အရာပါပဲ..."

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now