အပိုင်း ၈

Depuis le début
                                    

Aghh... အဲ့ဒီအစား ပေါ်တင်လိုက်လာပြီး သူ့လက်ထဲက အထုပ်တွေကို ကူဆွဲပေးပါတော့လား !

ဒီနေ့ တစ်ပတ်စာ ဟင်းထွက်ဝယ်တဲ့နေ့မို့ Baekhyun လက်ထဲမှာ အထုတ်တွေ အများအပြားနဲ့ ။

_________________________________

ဆေးကျောင်း Canteen ဆိုတဲ့အတွက် နာမည်နဲ့လိုက်အောင်ကို Baekhyun ရဲ့ နေ့လည်စာတွေက အချိုးကျပြီး ငြီးငွေ့စရာ ကျန်းမာရေး ဓာတ်စာတွေနဲ့ ပြည့်လို့နေတယ် ။ ထမင်းဖြူဖြူထက်က ကုလားပဲကြော်အဝါတွေရယ် ၊ နောက်ပြီး Salad ဆိုတဲ့ ခေါင်းစဥ်အောက်က ဂေါ်ဖီရွက်တွေနဲ့ baby tomatoes တွေ ။ ပဲပင်ပေါက် ရေနွေးဖျောတွေနဲ့ ၊ အသားဟင်းအနည်းငယ် ။

ဒီနေ့လည်စာထဲ သူကြိုက်တာဆိုလို့ ပဲပေါင်မုန့်ရယ် ၊ နွားနို့ဘူးလေးရယ်ပဲ ရှိတယ် ။ အနည်းငယ်နောက်ကျပြီးမှ ရောက်လာတဲ့ Yixing နေ့လည်စာတစ်ဗန်းနဲ့ မျက်နှာချင်းဆိုင်ခုံကို လာဝင်ထိုင်တဲ့အချိန် Baekhyun က စာကြည့်မျက်မှန်ဝိုင်းလေးတပ်လို့ ဖတ်စာအုပ်တစ်အုပ်ကို ပေါင်မုန့်စားရင်း ကြည့်နေပြီ ။

" ခုမှ ရောက်လာတာလား "

" အင်း..စာကြည့်တိုက်ကို စာအုပ်တွေ သွားအပ်နေရလို့ ၊
စာကြည့်တိုက်မှူးကလည်း တနေ့တခြား အပေါက်ဆိုးလာတာပဲကွာ"

စာအုပ်တစ်အုပ်ကို လက်တစ်ဖက်နဲ့ ကိုင်ထောင်ထားရင်း ဖတ်နေတဲ့ Baekhyun က ရှုံ့မဲ့နေတဲ့ Yixing ဆီကို အကြည့်တစ်ချက်ပို့ရင်း ရယ်တယ် ။

Yixing ဗိုက်ဆာနေတာကြောင့် နေ့လည်စာကိုအရင် အမြန်သွပ်ဖို့ ဇွန်းကောက်ကိုင်လိုက်ပေမယ့် ခေါင်းထဲ ဖြတ်ခနဲ ဝင်လာတဲ့ အတွေးကြောင့် Baekhyun ကို ပြန်မော့ကြည့်မိသွားတယ် ။

ခု Baekhyun က Canteen ဘေးဘက် မှန်တံခါးတွေက ဝင်လာတဲ့ အလင်းရောင်ကောင်းကောင်းကြောင့် မျက်နှာလေးကြည်ရှင်းနေတဲ့အပြင် ဂျူတီကုတ် အဖြူလေးကိုလည်း ဝတ်ထားတယ် ။ စာကြည့်မျက်မှန်ဝိုင်းလေးနဲ့ စာအုပ်တစ်အုပ်ကို လက်တစ်ဖက်က ကိုင်ထောင်ထားရင်း ဖတ်နေသလို ပေါင်မုန့်တွေဝါးနေတာကြောင့် ဖောင်းနေတဲ့ ပါးလေးတစ်ဖက်နဲ့ ၊ ပြီးတော့ နွားနို့ဘူးလေးက်ိုလည်း လက်တစ်ဖက်က ကိုင်ပြီး ပိုက်နဲ့စုပ်သောက်နေသေးတယ် ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Où les histoires vivent. Découvrez maintenant