~၄၄~P2

1.2K 287 14
                                    


ZawGyi

ထိုတွေ့ရခဲလှသည့်သူသည် အမဲရောင်ဂျာစီကိုဝတ်ဆင်ထားလျက် သူ၏ဆံပင်ကိုတော့သေသပ်စွာညှပ်ထားကာ ဖွင့်လှစ်ပေါ်နေသည့်လည်ပင်းက ရှင်းသန့်လျက် သွယ်တန်းပေသည်။ ထိုအခိုက်အတံ့လေးတွင် ထိုသူသည် ခြေချိတ်ထိုင်ကာ ဒံဒေါက်ဆစ်ကဒူးတွင်ထောက်ထားပြီး သူ၏ဖုန်းကို ကိုင်းညွှတ်ကာသုံးနေသည်။

ရှန့်ဟွိုင်ဇီသည် ထိုအချိန်တုန်းက နည်းနည်းဒေါသထွက်နေခဲ့သည်။

ကိစ္စကြီးတွေပြီးသွားတဲ့နောက် သူ့ခြေထောက်ဟာနောက်ဆုံးမှာတော့ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လက်ချောင်းတွေကလဲ နောက်တစ်ကြိမ် ဘတ်စ်စကတ်ဘောကစားဖို့အတွက် ယားယံနေခဲ့သည်။ ဒီမနက်တုန်းက group chatထဲတစ်ယောက်က သူ့ကိုပြိုင်ကစားဖို့အတွက် @ထားခဲ့တာကြောင့် သူသည် ဘာမှမတွေးတော့ဘဲ ကစားဖို့သဘောတူလိုက်ခဲ့သည်။

သူရောက်သွားတဲ့အခါကျမှ လူ၂ယောက်ကအရေးပေါ်ကိစ္စရှိလို့မလိုက်နိုင်ဘူးဆိုတာကို သိလိုက်ရတာကြောင့် အခုလူ၂ယောက်နေရာလွတ်နေသည်။

သူတို့တွေလူလိုနေတယ်ဆိုရင်တောင်မှ ဘတ်စ်စကတ်ဘောကွင်းထဲမှာက လူအများကြီးရှိနေတုန်းပင်။ အသင်းပြည့်အောင်လူအချို့ကိုဆွဲထည့်လိုက်လို့ရပေမယ့်လဲ ဒီပတ်ဝန်းကျင်မှာ နည်းဗျူဟာမသိတဲ့ဒုတိယနှစ်ကျောင်းသားတွေ ရှိနေလိမ့်မည်လို့သူထင်မထားခဲ့။ထိုအရာကပဲ ရှန့်ဟွိုင်ဇီကို ချက်ချင်းဆိုသလို စိတ်အားထက်သန်မှုတွေ တ၀က်လောက်ပြုတ်ကျသွားစေခဲ့သည်။

ရှန့်ဟွိုင်ဇီ တောက်တစ်ချက်ခေါက်လိုက်ပြီး ထွက်သွားဖို့ရန်အကြောင်းပြချက်ကိုပဲ တွေးနေမိသည်။

"စီနီယာ"

ရှန့်ဟွိုင်ဇီ တုန်လှုပ်သွားကာ အနောက်သို့လှည့်ကြည့်လိုက်သည်။

ကျင်းဟွမ်ကအပြင်ဘက်ကနေ ခြံစည်းရိုးကိုလက်၂ဖတ်နဲ့ကုပ်တွယ်ထားရင်း ရပ်နေလေသည်။ကျင်းဟွမ်၏မျက်လုံးများသည် သူ့ကိုကြည့်နေစဉ်မှာ လခြမ်းလေးသဖွယ်ကွေးကွေးလေးဖြစ်နေပြီး သူ၏အပြုံးက ဆောင်းဦးရာသီကလေညှင်းထက်တောင် ဖြတ်လတ်နေသည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now