~၃၉~P2

1K 280 36
                                    


ZawGyi

ထိုစကားပြောပြီးနောက်တွင် အားလုံးက တခဏခန့်ငြိမ်သွားကြလေသည်။

"ဟုတ်တာပဲ" လုဝမ်ဟောင်က သဘောတူလေသည်။ "ကျွန်တော်တို့က အခန်း၂ခန်းယူထားတာဆိုတော့ သေချာပေါက်၂ယောက်လုံးဆံ့တယ်"

ကျင်းဟွမ်သည်လည်း ထိုကဲ့သို့ပင်တွေးမိလေသည်။ "ငါက ကုတင်အကြီးနဲ့အခန်းကိုဘွတ်ကင်တင်ထားတာဆိုတော့ သေချာပေါက်နောက်ထပ်လူတစ်ယောက် ထပ်ဆံ့တယ်"

ဒီညီငယ်လေးတွေနဲ့အရမ်းမရင်းနှီးသောကြောင့် လု့ဟန်သည်အနည်းငယ် အံ့အားသင့်သွားလေသည်။ သူတို့တွေက ကစားသမားတွေ တွေ့ဆုံပွဲမှာစကားနည်းနည်းပဲ ပြောခဲ့ဖူးကြတာလေ။

"အဲ့တာ မင်းတို့အတွက်အဆင်ပြေပါ့မလား?"

လုဝမ်ဟောင်က ရီသည်။ "ဒါပေါ့၊ အားလုံးကယောက်ျားလေးတွေချည်းပဲကို၊ ဘာလို့အဆင်မပြေရမှာလဲ?"

လု့ဟန်ကသူ၏ အခန်းဖော်ကိုကြည့်လိုက်ကာ ဘယ်လိုလဲဆိုပြီးမေးချင်သင့်သည့်သဘောဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

ရှန့်ဟွိုင်ဇီက အခြားသူတွေနဲ့နေရတာကို အလေ့အကျင့်မရှိပါ။ အထူးသဖြင့်ဆိုလျှင် သိကျွမ်းဖူးခါစလူတွေနဲ့ဆို ပိုဆိုးတာပေါ့။

မည်သို့ပင်ဆိုစေကာမူ Internet Caféက ထိုင်ခုံကတကယ်ကို မကောင်းလှချေ။ အချိန်တော်တော်ကြာအောင် ထိုင်ပြီးနောက်မှာတော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တော်တော်လေးနေရအဆင်မပြေဖြစ်လာပြီး သူတို့ဝတ်ထားတဲ့အ၀တ်စားတွေဟာလဲ မိုးရည်စိုစွန်မှုကြောင့် အနံ့အနည်းငယ်ခန့်ထွက်ကာ လူတွေကိုအဆင်မပြေဖြစ်စေလေသည်။

"လာပါ စီနီယာကလဲ" ဆန့်ကျင်ဘက်တွင်ထိုင်နေသည့်သူက ချောင်းကြည့်နေရာကနေရုတ်တရက်ထွက်လာသည်။ လခြမ်းကွေးသဏ္ဍာန်ရှိမျက်လုံးလေးဖြင့် သူသည်စိတ်အားထက်သန်စွာဖြင့် ဖိတ်ခေါ်ခဲ့သည်။ "ကျွန်တော့်ဘ၀ကို ကယ်တင်ပေးခဲ့လို့ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်ပါ"

ဓါတ်လှေကားက အထပ်၂၀တွင်ရပ်သွားခဲ့သည်။ ရှန့်ဟွိုင်ဇီသည် ဓါတ်လှေကားထဲက ထွက်ပြီးနောက် ကျင်းဟွမ်နောက်ကနေ လမ်းလျှောက်လိုက်သွားခဲ့သည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now