~၄၀~P2

987 268 17
                                    

ZawGyi


ရှန့်ဟွိုင်ဇီက ဆိုသည်။ "မင်းတို့တွေ အရင်သွားနှင့်ကြလေ၊ ငါတော့ အခန်းမှာပဲနေခဲ့လိုက်တော့မယ်"

"မရဘူးလေ" လု့ဟန်က အစားအသောက်ကိုမျိုချလိုက်ပြီး "အတူတူသွားရအောင်ပါ၊ မင်းလဲမင်းနဲ့အတူlaptopယူလာတာပါလာတာမှ မဟုတ်တာ၊ အခန်းကိုပြန်သွားလို့ ဘာထူးမှာလဲ?"

ရှန့်ဟွိုင်ဇီသည် သီချင်းဆိုရတာကို သဘောမကျသလို ထိုကဲ့သို့မြင်ကွင်းမျိုးကိုလဲ မနှစ်သက်ပါချေ။ သူနှုတ်ခမ်းကို အသာလှုပ်ရှားရင်း ငြင်းဆိုလိုက်ချင်သည်။

"လာပါ စီနီယာကလဲ" ကျင်းဟွမ်ကရုတ်တရက်ဆိုသလို မေးစေ့ကိုထောက်ကာ ဘေးတစောင်းသူ့ထံသို့ လှမ်းကြည့်လိုက်သည်။ "အစ်ကို့ကို ဒီကောင်တွေအတင်းမသောက်ခိုင်းစေရဘူးလို့ ကျွန်တော်ကတိပေးတယ်"

ကျင်းဟွမ်တွင် ရှည်လျားကာထူထဲသည့် မျက်တောင်ပိုင်ဆိုင်သော လှပသည့်မျက်ရစ်၂ထပ်ရှိသည်။ ဟိုတယ်မှအလှဆင်ထားသည့် မီးပန်းဆိုင်းသည်သူ၏မျက်လုံးတွင် ရောင်ပြန်ဟပ်ကာ အလင်းရောင်လေးတွေ တဖြတ်ဖြတ်တောက်ပနေသယောင်ယောင်ပင်။

ရှန့်ဟွိုင်ဇီသည် အတန်ငယ်ကြာအောင် ထိုသူထံသို့စိုက်ကြည့်ပြီးနောက်တွင် မတ်တပ်ရပ်လိုက်သည်။ "..... ကောင်းပြီ၊ ငါအစားအသောက်နည်းနည်းသွားယူလိုက်ဦးမယ်"

ကျင်းဟွမ်လဲ မတ်တပ်ထရပ်လိုက်သည်။ "ကျွန်တော် အစ်ကိုနဲ့အတူတူသွားမယ်"

ထိုလူသား၂ယောက်သည် တပြိုင်နက်တည်းထလိုက်ကာ အတူတူထွက်လာခဲ့ကြသည်။ လု့ဟန်ကသူတို့၂ယောက် ကျောပြင်ကိုကြည့်ကာ မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။ "သူတို့၂ယောက် တစ်ယောက်နဲ့တစ်ယောက် တော်တော်သိကြတာလား?"

"မဟုတ်ပါဘူး နောက်ဆုံးအကြိမ်တုန်းက လှေကားမှာ အစ်ကိုရှန့်က ဟွမ်ဟွမ်ကိုနည်းနည်းကူညီပေးဖူးရုံပဲ"

လုဝမ်ဟောင်က ယောက်ျား၂ယောက်ကြားမှာရှိတဲ့ သူငယ်ချင်းဆက်ဆံရေးကို စိတ်မ၀င်စားပေ။ သူလု့ဟန်ရဲ့ဘေးနားကို မှီလိုက်ပြီးနောက် ပြောသည်။ "အစ်ကိုလု့၊ မြန်မြန် အဲ့အကြောင်းလေးဆက်ပါဦး။ အစ်ကိုတို့အပိုင်းက မကောင်းသတင်းရှိတဲ့မိန်းမလူလိမ် ဘာဖြစ်သွားလဲ?"

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now