Part 19

1.5K 101 64
                                    

🐺Unicode🐍

ဆေးခန်းငယ်အတွင်း ယွီချန်ကောရှေ့ ရိပေါ်တစ်ယောက် ခေါင်းငုံ့ရင်းသာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေမိတယ်။ ရှေ့မှာရှိတဲ့ ယွီချန်ထံကို ဘာစကားမှလည်း မပြောနိုင်သလို သူကိုယ်တိုင်တောင် သူ့စိတ်ထဲ ရှုပ်ယှက်ခတ်နေတဲ့အတွေးတွေနဲ့ ဘာတွေးလို့တွေးရမှန်းမသိဖြစ်နေခဲ့တယ်။

"ကျွန်တော်ဖြစ်နေတဲ့ စိတ်ရောဂါက ဘယ်လိုကုရင် ပျောက်နိုင်မလဲ။"

သူ့ရောဂါသူ စိတ်ပိုင်းဖြတ်ပြီး ခိုင်မာစွာလက်ခံလိုက်ပြီးတဲ့နောက် ပထမဆုံးမေးမိတဲ့မေးခွန်းက ရောဂါဘယ်လိုပျောက်အောင် ကုရမလဲဆိုတဲ့ မေးခွန်းပဲ။ ရိပေါ်စိတ်ထဲမှာလည်း အမှန်တကယ် ဒီရောဂါ သူ့ထံ စွဲကပ်နေပြီဆိုဦးတော့ သူအမှန်တကယ်ကို ပျောက်ကင်းချင်တာမို့။

"ရောဂါက အမြစ်ပြတ်အောင် ကုသလို့ရတဲ့နည်းမရှိဘူး။ မင်းကိုယ်တိုင် လက်ခံပြီဆို စကားပြောဆွေးနွေးကုထုံးနဲ့ပဲ တစ်သက်လုံးသွားရလိမ့်မယ်။ အခု ကောနဲ့ စကားပြောဆွေးနွေးနေသလိုပဲပေါ့။"

"တစ်သက်လုံးလား။"

"တစ်သက်လုံး။"

ရိပေါ်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။ အလုံးစုံလက်ခံလိုက်တဲ့ပုံနဲ့။

"ဒါဆိုလည်း ဒီတိုင်းပဲ သွားရတော့မှာပေါ့။ ကျွန်တော့်ဘက်က ဘယ်လိုလုပ်ရမှာလဲ။ ကောမေးတဲ့မေးခွန်းတွေကိုပဲ ဖြေရမှာလား။ ဒါမှမဟုတ် ကျွန်တော့်စိတ်ထဲဖြစ်ပျက်သမျှ အားလုံးကို ရင်ဖွင့်ပြရမှာလား။"

"ရောဂါအပေါ်ကို အရမ်းကြီးအာရုံစိုက်စရာမလိုပါဘူးရိပေါ်။ ကောနဲ့ အရင်တုန်းကအတိုင်း ပုံမှန်စကားပြောနေရင် ရပါပြီ။ ရိပေါ်ရဲ့စိတ်ထဲ ခံစားနေရတာတွေ ရင်ဖွင့်ချင်စိတ်ရှိတယ်ဆိုရင်လည်း ကောဘက်က အားလုံးကို နားထောင်ပေးဖို့ အသင့်ပဲ။ ကောဘက်ကလည်း လိုအပ်ရင် မေးခွန်းမေးသင့် မေးရမှာမို့ ရောဂါအပေါ်ကို အရမ်းကြီး အလေးအနက်မထားပါနဲ့။ ဘိုဆန်ဆန်ပြောရရင် serious မဖြစ်ပါနဲ့ပေါ့။"

ယွီချန်ကောက မျက်ခုံးတစ်ဖက်ပင့်ရင်း ပြောလာတဲ့နောက် ရိပေါ်လည်း တစ်ချက်မျှ ရယ်မိတယ်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Aug 28, 2021 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

PSYCHO FRIEND (Season-2)Où les histoires vivent. Découvrez maintenant