Part 11

536 82 8
                                    

🐺Unicode🐍

ဇာတ်ညွှန်းမိတ်ဆက်ပွဲ ကျင်းပတဲ့နေ့ရောက်မှ ဇာတ်ကားအတွင်း ပါဝင်ရိုက်ကူးမယ့်သူတွေအားလုံးကို အတည်ပြုကြေညာချက်ထုတ်ပြန်လိုက်တာမို့ ရိပေါ်နဲ့တွဲရိုက်မယ့်မင်းသားက ရှောန်းရှောင်တစ်ဖြစ်လည်း ရှောင်ကျန့်ဆိုတာသိတာနဲ့ အင်တာနက်ပေါ် ပွက်လောက်ရိုက်ကုန်ကြတော့တယ်။ လူငယ်တွေကြား ရေပန်းစားနေတဲ့ boys love ဇာတ်ကားကို ထိပ်တန်းမင်းသားနှစ်ယောက်က သရုပ်ဆောင်မှာဖြစ်လို့ တရုတ်နိုင်ငံရဲ့ LGBT လောကကို ကိုင်လှုပ်လိုက်သယောင် အုန်းအုန်းကြွက်ကြွက် ဖြစ်ကုန်ကြတယ်။ ဇာတ်ညွှန်းမိတ်ဆက်ပွဲနေ့မှာတင် ဝေဖန်အပြစ်တင်သူတို့ကလည်း ဒုနဲ့ဒေးပေါ်ပေါက်လာသလို မင်းသားနှစ်ယောက်လုံးရဲ့ အမာခံပရိတ်သတ်တွေအပြင် ပရိတ်သတ်အသစ်တွေပါ တစ်ရှိန်ထိုး တိုးပွားလာရတယ်။ ဇာတ်လမ်းမှာလည်း မရိုက်ခင်ကတည်းက နာမည်ကြီးလို့ အားပေးသူအမြောက်အမြား ပေါ်ပေါက်လာတော့တယ်။

ဇာတ်ညွှန်းမိတ်ဆက်ပွဲနေ့။ ခန်းမထဲရှိသမျှ သရုပ်ဆောင်အားလုံး ကိုယ့်နာမည်နဲ့ ကိုယ်ယူထားတဲ့ ဇာတ်ကောင်ကို မိတ်ဆက်ပေးပြီးတဲ့နောက် မူရင်းစာရေးဆရာက ဇာတ်လမ်းနဲ့ပတ်သတ်ပြီး သူဖော်ပြလိုတဲ့ ရည်ရွယ်ချက်ကို ပြောပြလာတယ်။

'What is this thing called Love' ။ ဇာတ်လမ်းနာမည်နဲ့လိုက်ဖက်စွာ ဖော်ပြချင်တဲ့အကြောင်းအရာက ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု ရှိလှတယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ ဘာလဲ။ မိန်းမနဲ့ယောက်ျားနှစ်ဦးကြားမှာရှိတဲ့အရာကိုသာ အချစ်လို့ ခေါ်လေသလား။ ယောက်ျားလေးနှစ်ယောက်ကြား၊ ဒါမှမဟုတ် မိန်းကလေးနှစ်ယောက်ကြားမှာရော အချစ်တို့ မပေါက်ဖွားနိုင်လေဘူးလား ဆိုတဲ့မေးခွန်းနဲ့အတူ စာရေးဆရာက ပရိတ်သတ်တွေကို သာမန်ယောက်ျားလေးနှစ်ယောက်ကြားမှာလည်း ချစ်ခြင်းမေတ္တာရှိနိုင်ကြောင်း သက်သေပြုဖော်ပြထားလေရဲ့။

အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လင်းမန်နဲ့ ရှန်းစန့်နေရာမှာ ရိပေါ်နဲ့ရှောင်ကျန့်က သရုပ်ဆောင်မှာဖြစ်ပြီး လင်းမန်ရဲ့အစ်ကို လင်းချန်နေရာမှာ လျိုဟိုက်ခွမ်း (TU ထဲမှ လန်ရှီးချန်) နဲ့ ရှန်းစန့်ရဲ့ သွေးမတော်သားမစပ်ညီ ချန်းစစ်နေရာမှာကတော့ ကျူးဇန့်ကျင် (TU ထဲမှ မုန့်ယောင်) က သရုပ်ဆောင်မှာဖြစ်တယ်။

PSYCHO FRIEND (Season-2)Kde žijí příběhy. Začni objevovat