Part 4

600 91 28
                                    

🐺Unicode🐍

ဖြစ်ပျက်သမျှ အရာရာတိုင်းက စီစဉ်တကျဖြစ်ခဲ့ပါတယ်။ ရှောင်ကျန့်ရေချိုးခန်းထဲဝင်သွားပြီး သိပ်မကြာခင်မှာပဲ မီးပျက်ခဲ့တယ်။ ရိပေါ်ကတော့ လန့်မအော်မိအောင် မနည်းထိန်းလိုက်ရတယ်။ သို့ပေမယ့် အကြောက်တရားကို ဘယ်လိုမှဖြေဖျောက်လို့မရတာမို့ နားနှစ်ဖက်ကို လက်နဲ့ပိတ်၊ မျက်လုံးအစုံကို တင်းနေအောင်မှိတ်ထားရင်း ကုတင်ဘေးနားသာ ငုတ်တုတ်ထိုင်ချမိတယ်။

မီးပြန်လာတဲ့အချိန် ရိပေါ်လည်း အသက်ကိုပုံမှန်အတိုင်းဖြစ်အောင်ပြန်ရှူလို့ မျက်လုံးအသာဖွင့်ကြည့်မိတော့ မြင်လိုက်ရတဲ့အရာကြောင့် လန့်ဖြန့်ပြီး နောက်ကို ထိုင်လျက်လဲကျတဲ့အထိပဲ။

"အား!!"

ဘယ်အချိန်ကတည်းက ရေချိုးခန်းထဲက ထွက်လာမှန်းမသိတဲ့ရှောင်ကျန့်က ခါးမှာတဘတ်တစ်ထည်ပတ်ထားလို့ ကုတင်ပေါ်မှာထိုင်ရင်း သူ့ကို စူးစိုက်ကြည့်နေတယ်။

"ရှောင် ရှောင်ကျန့်။"

ရိပေါ်က တုန်ရင်လှိုက်မောနေတဲ့အသံနဲ့ခေါ်လာတဲ့အချိန်ထိ ရှောင်ကျန့်ဘက်က အကြည့်မလွှဲခဲ့ဘူး။ ထိုအစား ရိပေါ်ဘက်က မည်သည့်စကားမျှထပ်ထွက်မလာခင် ခေါင်းကိုအသာစောင်းရင်း မေးလာတယ်။

"အမှောင်ကြောက်တာလား။"

ရိပေါ်လည်း တံတွေးသာအမြန်မြိုချလို့ ခေါင်းညိတ်ပြလိုက်တယ်။ ရှောင်ကျန့်ကတော့ သိပြီဆိုတဲ့သဘောနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း တစ်ဖက်ကိုလှည့်သွားတော့တယ်။

"ငါရေချိုးလို့ပြီးပြီ။ မင်းရေချိုးလို့ရပြီ။"

ရှောင်ကျန့်က ပြောပြီးပြီးချင်း ခေါင်းကဆံပင်ရေစိုကို တဘက်နဲ့သုတ်နေတာမို့ ရိပေါ်လည်း အင်း တစ်လုံးသာပြောပြီး ပုခုံးပေါ် တဘက်တင်ရင်း ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်တော့တယ်။ ရေချိုးခန်းပေါက်ဝနားရောက်တဲ့အချိန် ရှောင်ကျန့်ကိုလှည့်ကြည့်မိတော့ ရှောင်ကျန့်က သူ့ကိုကြည့်မနေ။ ထိုအစား လေချွန်ရင်း ခေါင်းကိုသာ စိမ်ပြေနပြေသုတ်နေတယ်။

'ရှောင်ကျန့် မင်းပြောင်းလဲသွားပြန်ပြီ။ အရင်တုန်းက ရှောင်ကျန့်ဆိုရင် ငါ့အနားလေးထိလာပြီး ငါ့ကို ဂရုစိုက်မှုတွေပေးမှာ။ အခုမင်းကတော့...'

PSYCHO FRIEND (Season-2)Where stories live. Discover now