Part 1

2.4K 137 6
                                    

🐺Unicode🐍

တိတ်ဆိတ်သောပတ်ဝန်းကျင်၊ အေးစက်သောကြမ်းပြင်၊ သွေးတို့တစ်စက်စီစီးကျနေသော နာကျင်နေသည့် လက်ကောက်ဝတ်။ အရာအားလုံး အမှောင်ဖုံးသွားပြီးတဲ့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်ထွက်သွားသလို။ မြင်ကွင်းတို့က မပီဝိုးတဝါး။

အမြင့်တစ်နေရာကနေ ပြုတ်ကျလိုက်သလို ခံစားမိတော့ ရင်အစုံက မောပန်းမှုကြောင့် နိမ့်ချည်မြင့်ချည်နဲ့။ တစ်စတစ်စကျယ်လောင်လာတဲ့ ဆူညံသံတွေကြောင့် ခန္ဓာကိုယ်ကို အသာတွန့်မိတယ်။

'ဘာဖြစ်တာလဲ။ ငါမသေသေးဘူးလား။'

အတွေးနဲ့အတူ ကိုယ့်အသက်ရှူသံကို ပြန်ကြားမိတော့ အထိတ်တလန့်နဲ့ မျက်လုံးဖွင့်မိတယ်။

'ဘယ်တွေရောက်နေတာလဲ။ ငါမသေဘူးလား။ ဆေးရုံရောက်နေတာလား။ မဖြစ်နိုင်ဘူး။'

ခေါင်းထဲဝင်လာတဲ့ အတွေးမျိုးစုံနဲ့အတူ ရိပေါ်တစ်ယောက် အသက်ကိုသာ ခပ်ပြင်းပြင်း ရှူထုတ်မိတော့တယ်။ အခု ရိပေါ်ထိုင်နေတဲ့အနေအထားအရ ခုံပေါ်မှာ မှောက်အိပ်သလိုဖြစ်နေတာမို့ ဆေးရုံမဖြစ်နိုင်မှန်းလည်း ချက်ချင်းသိလိုက်တယ်။

အတွေးနဲ့အတူ ယောက်ယက်ခတ်နေတုန်း ကြားလိုက်ရတဲ့ အသံတစ်ခု။ ထိုအသံကြောင့်ပဲ မယုံကြည်နိုင်တဲ့စိတ်နဲ့ အသက်အောင့်မိတဲ့အထိ။

"ဝမ်ရိပေါ် ငါကရှောင်ကျန့်ပါ။ ငါတို့အဖွဲ့ထဲမှာ လေးယောက်ပြည့်ဖို့တစ်ယောက်လိုနေလို့ မင်းဝင်မလား။"

အိပ်မက်လေလား။ တကယ်လေလား။ အသံပိုင်ရှင်က တကယ်ကိုပဲ။

'ရှောင်ကျန့် မင်းလား။'

မဖြစ်နိုင်သော မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်လို့ အသံလာရာ မော့ကြည့်မိတော့ တကယ်ကိုပဲ ရှောင်ကျန့်က သူ့ကိုကြည့်ပြီး ပြုံးပြနေခဲ့တယ်။ အေးချမ်းတဲ့အပြုံး၊ တစ်လောကလုံးကို ငြိမ်းချမ်းသွားစေတဲ့ အပြုံး၊ သူမမြင်တွေ့ရတာ ကြာခဲ့ပြီဖြစ်တဲ့ ရှောင်ကျန့်ရဲ့ နွေးထွေးတဲ့အပြုံး။

ရိပေါ်ဝမ်းသာစိတ်နဲ့ မျက်ရည်တို့ပါ ဝဲတက်လာရတယ်။ ထို့နောက်မှာ မဆိုင်းမတွဘဲ ရှောင်ကျန့်ကို နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပြလိုက်မိပါတယ်။ ရှောင်ကျန့်ကလည်း သူ့ကို ပြုံးပြီးတော့သာ ပြန်ကြည့်နေခဲ့ပါတယ်။

PSYCHO FRIEND (Season-2)Where stories live. Discover now