Part 15

483 76 10
                                    

🐺Unicode🐍

"ရီလေးက ငါ့ချစ်သူမဟုတ်ပါဘူး။ သူက ငါ့ရဲ့ညီမလေး။"

"ဪ ဟုတ်လား။ ငါက မင်းနဲ့ချစ်သူဖြစ်နေပြီ ထင်လိုက်တာ။"

ရိပေါ်လည်း ရင်တွင်းက ပျော်ရွှင်လာတဲ့စိတ်ကြောင့် ပြုံးယောင်သမ်းချင်နေတဲ့မျက်နှာကို ခေါင်းငုံ့ရင်း ရှောင်ကျန့်မမြင်အောင် ကွယ်မိတယ်။ ရှောင်ကျန့်ကတော့ ရိပေါ်ရဲ့လေသံတိုးတိုးနဲ့ ပြန်ပြောလာတဲ့စကားတွေကြောင့် သွားညီညီတို့ပေါ်နေတဲ့အထိ ပြုံးနေတော့တယ်။

"အဆင်ပြေသွားပြီလား ရိပေါ်။ အဆင်ပြေရင် ဇာတ်ကားဆက်ရိုက်ရအောင်။"

ရိပေါ် ခေါင်းသာ ညိတ်ပြလိုက်တယ်။

လင်းမန်အနေနဲ့ ရှန်းစန့်ကို ဖွင့်ပြောအပြီး အကြင်နာပေးတဲ့အခန်းမှာ ရှောင်ကျန့်တောင်းဆိုတဲ့အတိုင်း နောက်ကျောဘက်ကနေရိုက်ဖို့သာ ဆုံးဖြတ်လိုက်ကြတယ်။ ရိပေါ်ကတော့ ရှောင်ကျန့်ရဲ့လက်ကောက်ဝတ်တစ်ဖက်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က ဝိတ်လျှော့ချထားလို့ ပိန်သေးသေးလေးဖြစ်နေတဲ့ ခါးသိမ်သိမ်လေးကိုဆွဲဖက်ရင်း တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားရတဲ့အထိ နီးကပ်နေရတာမို့ ရင်တဒိန်းဒိန်းခုန်နေရတယ်။ ဒါရိုက်တာထံက action လို့ မအော်သေးခင်အချိန်လေး ရှောင်ကျန့်မျက်နှာကို ကြည့်မိတော့ အရမ်းနီးကပ်လွန်းတဲ့မျက်နှာအနေအထားအရ မျက်တောင်စင်းစင်းလေးတွေကို အရင်မြင်တယ်။ ထိုမှတစ်ဆင့် မှိတ်ချည်ဖွင့်ချည်ပြုလုပ်နေတဲ့ မျက်ဝန်းလေး၊ ရိပေါ်နဲ့ မျက်နှာချင်းမဆိုင်ဘဲ တစ်ဖက်ကိုလှည့်ပြီး ဟိုဟိုသည်သည်လိုက်ကြည့်နေတဲ့ မျက်ဆန်ညိုလေး၊ မွှေးညှင်းနုလေးတွေ အစီအရီပေါက်နေတဲ့ ပါးပြင်နုနုပေါ် အကြည့်ရောက်မိတဲ့နောက် ရိပေါ် တံတွေးသာ မသိမသာ မြိုချမိတယ်။

ရိပေါ်အနေနဲ့ ရှောင်ကျန့်က အမှန်တကယ်ချောတယ်ဆိုတာ ဝန်ခံပေမယ့် အခုလောက်ထိ ပြစ်ချက်မရှိ ချောမောနေခဲ့တယ်ဆိုတာကိုတော့ သူမသိခဲ့ဘူး။ အသိလွတ်စွာ ငေးမောကြည့်ရင်းနဲ့ ပါးပြင်နုနုထက် လေနွေးနွေးတို့ ထိခတ်သွားတဲ့နောက် ရှောင်ကျန့်က မျက်လုံးဝိုင်းတွေနဲ့လှည့်ကြည့်လာတယ်။ နှစ်ဦးသား မျက်နှာနှစ်ခု ထိကပ်လုမတတ် နီးကပ်သွားတယ်ဆိုတာ သိပေမယ့် ရိပေါ်လည်း သတိလွတ်စွာနဲ့ ငေးမောကြည့်နေမိတာမို့ နောက်ဆုတ်ဖို့ကိုပါ မေ့လျော့ရတယ်။ ရိပေါ်ရဲ့မျက်နှာထက် ရှောင်ကျန့်ရှူထုတ်လိုက်တဲ့ လေနုနွေးနွေးတို့ မသိမသာရိုက်ခတ်လာပြီး ဒါရိုက်တာကြီးထံက ချောင်းဟန့်သံကြားကာမှ ရိပေါ်လည်း သတိဝင်တော့တယ်။

PSYCHO FRIEND (Season-2)Where stories live. Discover now