part9.1

21.5K 1.9K 29
                                    

ဇာတ်လိုက်က ရန်နိုင်ငံရဲ့မင်းကြီးရန်ချူ လင်း
ဖြစ်ပြီးဇာတ်လိုက်မကတိုင်ရှင်းရိဖြစ်သည်။
ဇာတ်လိုက်မက တော့ နောက်မှပေါက်တဲ့
ရွှေကြာ ဖြစ်ကာတခြားတိုင်းပြည်ကချစ်ကြည်
ရေးအဖြစ်ဆက်သတဲ့မင်းသမီးပါလဲဖြစ်သည်။

ာတ်လိုက်မ ဟာ ရောက်လာတာနဲ့ မင်းကြီးနားက မိဖုရားနဲ့ကိုယ်လုပ်တော်တွေကို ရှင်းထုတ်
ဖို့ကြံတော့သည်။ မင်းကြီးဟာ ကျိုးမိဖုရား
ကိုတောင် တစ်ကြိမ်သာပေါင်းဖက်ဖူးပြီး
တိုင်းရေးပြည်ရေး မအားလပ်တာကြောင့်
အိပ်ဆောင်မဝင်ဖြစ်ပေ။ တိုင်ရှင်းရိဟာမင်းကြီး
အချစ်ကိုရရန် အားနည်းချင်ယောင်ဆောင်ကာ
သူမကိုကျိုးမိဖုရားကအနိုင်ကျင့်​ကြောင်းမင်းကြီးအားသွေးထိုးခဲ့သည်။ မင်းကြီးပင်ပန်းနေချိန်
အနားတွင် ပြုစုကာမင်းကြီးရဲ့ချစ်မြတ်နိုးမှူကိုအရယူခဲ့ပြီးနောက်ဆုံး ဇာတ်လိုက်နှစ်ယောက်ဟာ သားသမီးတွေမွေးပြီးပျော်ရွှင်စွာနေသွား
ကြသည် ။

သူဝင်ထားတဲ့ကိုယ်က မိဖုရားတစ်ပါးဖြစ်ပြီး
ယောကျာ်းလေးတစ်ယောက်လဲဖြစ်ကာ
နာမည်က ကျိုးရိရန်းဖြစ်သည်။ သူက
အေးအေးဆေးဆေးနေတတ်ပြီး စိတ်ထား
ကောင်းသောမိဖုရားဖြစ်သည်။ မင်းကြီးကိုချစ်
နေပေမယ့် မင်းကြီးအချစ်ကိုမရတဲ့သူဖြစ်ပြီး
မင်္ဂလာဆောင်ပြီး တစ်ညတာသာမင်းကြီးနဲ့
ပေါင်းဖက်ခွင့်ရပြီးကိုယ်ဝန်ရခဲ့သည်။မိဖုရား
ကိုယ်ဝန်ရလာတော့ တိုင်ရှင်းရိက မင်းကြီးအား ဒီကိုယ်ဝန်ဟာတခြားလူနဲ့ရတာပါဆိုပြီးချောက်
ချခဲ့ပြီး မင်းကြီးဟာ သူမစကားကိုယုံကာ
ကိုယ်ဝန်သည်ကိုသတ်ဖို့လုပ်ပေမယ့်
ကျိုးမိဖုရားက ကလေးမွေးပြီးမှသတ်ရန်တောင်းဆိုခဲ့သည်။ ဒါပေမယ့်ရှင်းရိဟာ မိဖုရားကလေး
မွေးပြီးသည်နှင့်ကလေးကြောင့်မင်းကြီး
စိတ်ပြောင်းမှာစိုးသောကြောင့်မိဖုရားအား
အဆိပ်ခတ်သတ်ရန်ကြံစည်ခဲ့သော်လည်း
အထမမြောက်ခဲ့ပေ။ မိဖုရားကလေးမွေးဖွား
ချိန်ရောက်လာပြီးကလေးအားအောင်မြင်စွာမွေးဖွားခဲ့သည်။ ကလေးမွေးပြီးနောက် မင်းကြီးမှ သူ့အားသတ်မိန်းမချမီ ရှင်းရိကသူ့အားသတ်ပြီး
သူ၏သားတော်ကိုတော့ မင်းကြီးရှေ့တွင်
ချစ်ခင်ယုယပြကာ မင်းကြီးယုံသွားချိန်မှ
ကလေးအားခေါင်းအုံးဖြင့်ဖိသတ်ခဲ့သည်။

True love system (Completed)Where stories live. Discover now