part 10.6(end)

21.2K 1.8K 140
                                    

Ar morning

ချစ်ချိုတစ်ယောက် ကျောင်းမသွားချင်သဖြင့်
ပါးပါးရဲ့ဖုန်းကိုယူကာ အိမ်သာထဲဝင်သွား
လိုက်သည် ။ပြီးနောက်ဖုန်းကိုနှိပ်ကာ
တစ်နေရာသို့ဆက်လိုက်သည်။

"ဟယ်လို ချစ်ချို နေမကောင်းလို့ ဒီနေ့ကျောင်း
မတက်နိုင်ပါဘူး ခဗျ"

"ဟုတ်ကဲ့ပါ ဒါနဲ့ခုဖုန်းဆက်တာဘယ်သူပါလဲ"

"ကျွန်တော့်အဖေပါ"

(A/N ဒါကိုလဲ ကြားဖူးသလိုဖတ်လဲဖတ်ဖူးပါ
တယ်)

တစ်ချိန်တည်းတွင် လေပြေအား Rain မှ သတိ
ပေးစကားပြောနေသည်။

(Host ဒီနေ့သတိထားပါ)

(ဘာလို့လဲ)

(ဒီနေ့ ချစ်ချို ကို သူကလှေကားပေါ်ကတွန်းချ
လိမ့်မယ်)

(သူတွန်းချတဲ့အချိန် ငါနဲ့ကလေးကို မထိခိုက်အောင်လုပ်ပေး)

(Ok host)

ချစ်ချိုကျောင်းပြေးပြီးအိမ်မှာဆော့နေစဉ်
ခယောင်ပွင့်ရောက်လာသည်။

"ဟဲ့ နင့်ပထွေးရော"

"ပါးပါးကပထွေးဟုတ်ဘူး ခများသာမိထွေး
စိတ်ပုတ်မ"

"ဒီကောင်တော့.. "

ခယောင်းကလေးအားရိုက်ဖို့လက်ရွယ်လိုက်ချိန်
လေပြေရောက်လာကာကလေးကိုချီလိုက်
သည်။

"ဒီမှာ ခများကလေးကိုလက်မပါနဲ့"

" နင်နဲ့ဘာဆိုင်လဲ ငါကတရားဝင်မယား နင်ကစနိုက်ကောင်"

"မယားက မယားနဲ့တူအောင်နေလေ လင်မရှိချိန် အိမ်ပေါ်ကိုလင်ငယ်ခေါ်လာတာမယားလား"

"တောက်... သေလိုက်တော့နင်"

"အားး"

လေပြေကိုတွန်းချလိုက်တော့လေပြေက
ကလေးကိုပါချီထားရက်လှေကားမှပြုတ်ကျ
သွားသည် ။ထိုချိန် မင်းယစ်မူးမှာလည်းအိမ်သို့ပြန်လာချိန်ဖြစ်၍ သူ့မှာ အားလုံး မြင်သွားသည်။

"ငယ်!! သား"

ယစ်မူး ကလေးနဲ့ငယ့်ကိုကားပေါ်တင်ကာ
ဆေးရုံသို့ထွက်လာလိုက်သည် ။ခယောင်း
ကတော့ ကြောက်ပြီး ထွက်ပြေးရန် လိုတာ
တွေယူကာကားနဲ့ထွက်သွားတော့သည် ။

True love system (Completed)Where stories live. Discover now