part 5.5

21.8K 1.9K 46
                                    

နောက်တစ်နေ့မနက်ရောက်တော့ ထယ်ဗြောင်က ပတ်အိမ်တော်ကိုအစောကြီးထွက်လာ
လိုက်သည် ။

"ကိုကို ရောက်လာတာ စောသားဘဲ လာလာ
ဖေဖေရှိတယ် "

ထယ်ဗြောင် ကိုဆွဲကာ ဧည့်ခန်းကိုခေါ်
သွားလိုက်သည် ။ပတ်သခင်ကြီးက

"အော် ရောက်လာပြီးကို ထိုင်ပါ သားတို့"

"ဟုတ်ကဲ့"

"ပေါ့ပေါ့ပါးပါးနေပါ သူဌေး အို သားပြောပြထားလို့အားလုံးသိပြီးပါပြီး "

"ဟုတ်ကဲ့ပါ ကျတော်တခါထဲခွင့်တောင်းပါရစေ
ကျတော် ချယ်မင်းကို လက်ထပ်ချင်ပါတယ် "

"အင်း လီမိသားစုနဲ့စေ့စပ်ပွဲဖျက်သိမ်းကြောင်း
ကြေငြာပြီးရင် သူဌေးအိုတို့သဘောရှိလုပ်ပါ"

"ကျေးဇူးတင်ပါတယ် ဒါဆို ကျတော်တို့သွားအုံးမယ် "

"ကောင်းပါပြီး "

ထယ်ဗြောင် ချယ်မင်းလက်ဆွဲကာ ကားနားလာစဉ် မင်နရောက်လာပြီး

"ကိုကို ညမလေး လဲတူတူလိုက်လို့ရလား "

"နင်ကခုထိမသွားသေးဘူးလား အရင်လိုဘဲ
အိမ်ကကားနဲ့သွားလေ "

"ကိုကိုကလဲ လမ်းသင့်နေတာဘဲကို နော်
ဆရာပြောပါအုံး မင်နလိုက်ခဲ့ပါစေ"

" မင်န နင်ဘာမှကိုကို့ ကို​ထည့်ပြောစရာမလိုဘူး နင်ဒီ​လောက်လိုက်ချင်ရင်လိုက်ခဲ့လေ "

ထယ်ဗြောင် love seat ဘက်ကို
ချယ်မင်းတွက်တံခါးဖွင့်ပေးတုန်း မင်နက
ချယ်မင်းအားတွန်းကာဝင်ထိုင်ဖို့လုပ်တာကြောင့်
ထယ်ဗြောင်တံခါးပိတ်လိုက်သည်။

"Love seat က ချယ်မင်းတွက်ဘဲ မင်းလိုက်
ချင်အနောက်မှာထိုင်"

"ကိုကို မင်နက ခေါင်းမူးတတ်တယ် ရှေ့မှာ
ထိုင်ဖို့ပြောပေးအုံး"

"အရင်ကလဲ နောက်မှာထိုင်တာဘဲ ဘာခုမှမူးတာလဲ အေ့လေ မတန်မရာ ကားစီးရတော့
မူးချင်မူးမှာပေါ့ မလိုက်နဲ့တော့ ကိုယ့်ဘာသာ
ကိုယ်သွား လာကိုကို သွားကြမယ်"

ချယ်မင်း နဲ့ထယ်ဗြောင်နှစ်ယောက် မင်နကိုထားကာထဲထွက်လာလိုက်သည်

True love system (Completed)Where stories live. Discover now