part10.1

20.9K 1.6K 57
                                    

"အ"

ဓနိသူရောက်တဲ့နေရာကိုကြည့်လိုက်တော့
အိမ်သေးသေးလေးတစ်လုံးထဲမှာဖြစ်သည်။

(Rain ဇာတ်ကြောင်းပို့)

(Host ကတိပေး ဇာတ် ကြောင်းပေးပြီးရင်
မဆူရဘူးမဆဲရဘူး)

(ငါဘယ်တုန်းကဆဲလို့လဲ ပေးတယ်ကွာကတိ)

(တကယ်နော် host)

(လိ့ မို့အရစ်ရှည်နေတာလား ငိုးမသား)

(တွေ့လား😒)

(ယောင်သွားလို့ပါကွာပေးတော့ ဇာတ်ကြောင်း)

ဇာတ်ကြောင်းက

ဇာတ်လိုက်နာမည်ကမင်းယစ်မူး
Single father သားတစ်ယောက်ဖြစ်သည်။
ဇာတ်လိုက်မက ခယောင်းပွင့် ဇာတ်လိုက်ရဲ့
ဒုတိယမယားဖြစ်သည်။ ဇာတ်လိုက်မှာပထမဇနီးတုန်းကလဲ စီးပွားရေးအရလက်ထပ်ခဲ့ခြင်း
ဖြစ်သည်။ မိန်းမက ကလေးမွေးပြီးသေတာ
ကြောင့် သားကိုသူဘဲထိန်းကြောင်းခဲ့သည်။
ကလေး၎နှစ်အရွယ်မှာ သားတွက် မိခင်လို
အပ်ကြောင်းဦးလေး၏တိုက်တွန်းတာကြောင့် သူဌေးသမီးတစ်ယောက်နဲ့လက်ထပ်ခဲ့သည်။ အစက မချစ်ပေမယ့် ကလေးအပေါ်
အရမ်းဂရုစိုက်တာကြောင့် တဖြည်းဖြည်း
သံယောဇဉ်တွယ်သွားခဲ့သည်။
တစ်နေ့သားလေးဟာအိမ်ပေါ်ကပြုတ်ကျပြီးဆုံးသွားခဲ့သည်။ တရားခံဖြစ်တဲ့ကလေးထိန်းကိုလဲ ထောင်ကျစေခဲ့ပြီးထိုကလေးထိန်းကတော့
ထောင်ထဲမှာအစော်ကားခံရကာ သွားခဲ့သည်။
ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ကလေးထပ်မွေး
ပြီးပျော်ရွင်စွာနေသွားကြသည် ။

သူဝင်ထားတဲ့ကိုယ်က လေပြေငယ်ဆိုတဲ့
ကောင်လေးဖြစ်သည်။
ပန်းစိုက်ခင်းလေးတစ်ခုနဲ့စီးပွားလုပ်စာတဲ့
လူငယ်လေးတစ်ဦးဖြစ်သည်။
တစ်နေ့ သူ၏ပန်းစိုက်ခင်းမှာအကြောင်းအမျိုး
မျိုးကြောင့်ပျက်စီးသွားသဖြင့် စားဝတ်နေရေး
အတွက်ဇာတ်လိုက်၏သားအားထိန်းရန်ဖြစ်လာသည်။အစပိုင်းမှာအဆင်ပြေပေမယ့် သူဌေး၏
မိန်းမဖြစ်သူဇာတ်လိုက်မဖောက်ပြန်နေ
သည်ကိုတွေ့သွားပြီးနောက် လေပြေဟာ
ခယောင်းပွင့်ရဲ့ဒုက္ခပေးတာခံခဲ့ရသည်။
တစ်နေ့ ခယောင်းပွင့်က လှေကားထိပ်မှာ
ရပ်နေတဲ့ကလေးငယ်ကိုတွန်းချခဲ့ပြီး ကလေးဆုံးသွားတော့အပြစ်ကသူ့ပေါ်အကုန်ပုံချလိုက်
သည်။ခယောင်းပွင့် လက်ချက် ထောင်ထဲမှာစော်ကားခံရကာသေဆုံးသွားခဲ့သည်။

True love system (Completed)Where stories live. Discover now