part3.1

28.1K 2.2K 24
                                    

ဇာတ်လိုက်နာမည်ကဟန်ရှင်းချန်
ဟန်တိုင်းပြည်ရဲ့အိမ်ရှေ့စံတစ်ပါးဖြစ်ပြီး
ဇာတ်လိုက်မကတော့ ဟန်ရှင်းချန်ဘုရင်ဖြစ်ပြီးမှမြောက်လိုက်သည့် ကြင်ယာတော်
လီကျန်းကျန်း ဖြစ်သည်။ သူဝင်ထားတဲ့ကိုယ်က
မုအိမ်တော်ကတစ်ဦးတည်းသောသား
မုအန်းလင်ဖြစ်ပြီးသူဟာ ကောတစ်ယောက်
ဖြစ်သည်။ကောဆိုတာက ကလေးမွေးနိုင်တဲ့
ယောကျာ်းလေးတွေဖြစ်ပြီး အင်မတန်နူးညံ့
ကာလှပကြသည်။ မုအိမ်တော်ဟာ
ဇာတ်လိုက်အ​ဖေဖြစ်တဲ့ဘုရင်ကြီးရဲ့လူယုံ
အိမ်တော်လဲဖြစ်ပြီး မင်းကြီးက မုအန်းလင်ကို
သူ့သားအိမ်ရှေ့စံရဲ့မိဖုရားအဖြစ်တင်မြောက်စေခဲ့ပြီးဘုရင်ဖြစ်သည်နှင့်ဧကရီအဖြစ်မုအန်းလင်
ကိုရာထူးတိုးပေးရန်အမိန့်ထုတ်ခဲ့သည်။

အန်းလင်ဘဝက အဆင်ပြေနေပေမယ့်
လီကျန်းကျန်းရောက်လာချိန်မှာတော့ ဇောက်
ထိုးဖြစ်ကုန်သည်။ လီကျန်းကျန်းက ရှင်းချန်နန်းတက်ပြီးမှမြောက်လိုက်သည့်ကြင်ယာတော်
ဖြစ်ပြီး သူမထက်အန်းလင်ကပိုလှတာကြောင့်
ရောအန်းလင်ကသူမထက်အရေးပေးခဲရ
တာကြောင့်ရော မကျေမနပ်ဖြစ်ကာ
အန်းလင်အဖေနဲ့မင်းကြီးကိုလုပ်ကြံခဲ့သည်။
ရှင်းချန်ကလဲ သူ့ခမည်း​တော်သေတာ
အန်းလင်အဖေကြောင့်ဟုထင်ကာ
အန်းလင်အား ဥပက္ခပြုလိုက်သည်။

နောက်ပိုင်းတွင် ရှင်းချန်ဟာ  တဖြေးဖြေး
လီကျန်းကျန်းရဲ့သွေးထိုးစကားတွေယုံကာ
အန်းလင်အ​ပေါ်တစ်ခြားသူ နဲ့စွပ်ဆွဲပြီး 
သေဒဏ်ချခဲ့သည်။နောက်ဆုံးဇာတ်လိုက်
နှစ်​ယောက်ကတော့ကလေးမွေးကာမိသားစုဘဝ​လေးဖန်တီးပီးပျော်ရွှင်စွာနေသွားကြသည်။

( ခုငါကဘယ်ချိန်ရောက်လာတာလဲ)

( host က ဇာတ်လိုက်မကြောင့် အပြစ်ပေးခံထားရပြီး သတိလစ်ချိန်​ရောက်လာတာပါ)

( ဇာတ်လိုက်က ဇာတ်လိုက်မကိုကြိုက်နေပြီး
လား)

( မကြိုက်သေးပါဘူး ခုမှ ဇာတ်လိုက်ကဘုရင်
ဖြစ်တာ တစ်နှစ်မပြည့်သေးဘူး အရင်မင်းကြီး
သေဆုံးတာလပိုင်းဘဲရှိသေးတယ်)

(စောသေးတာဘဲ)

အန်းလင်လဲ အိပ်ယာမှထကာမှန်ရှေ့ရပ်လိုက်
သည်။

True love system (Completed)Where stories live. Discover now