အခုလည်း တင်းနေအောင်ဖက်ထားပြီး ငြိမ်နေသည်က အကောင်းငြိမ်နေခြင်းမဟုတ်မှန်း သူမ သိသည်။ခေါင်းထဲမှာ သားနှင့်သမီးအကြောင်းအပြည့်သွင်းကာ တစ်ခုမဟုတ်တစ်ခုကို ကြံစည်တွေးတောနေခြင်းသာဖြစ်ပေလိမ့်မည်။ထိုသို့ဖြင့် အတွေးတွေဆက်ကာ တစ်ညလုံးမအိပ်ဘဲနေမည်ကိုသိနေသောကြောင့် သူမက ဒီအတိုင်းဆက်ပြီးလွှတ်မထားနိုင်တော့ဘဲ မရမကထပ်ပြောရပြန်သည်။

"ကို..."

"အွန်..."

"တကယ် အိပ်ဖို့စိတ်ကူးမရှိဘူးလား..."

"စိတ်ကူးမရှိတာမဟုတ်ဘူး အိပ်လို့မရတာလေ...။သဲလေးကအိပ်နော်...၊ကိုယ့်ကိုအာရုံမထားနဲ့.."

"ကျွတ် အတူတူအိပ်နေတာကို ဘယ်လိုလုပ် အာရုံမထားလို့ရမှာလဲ...။ဒီလောက်လမ်းတွေလျှောက်ပြီးတော့ ဟိုဒီသွားလာထားတာကို ပြည့်ပြည့်ဝဝအနားယူမယ်မရှိဘူး...။မနက်ဖြန်ကျတော့လဲ ဟိုဧည့်သည်တွေကလာရင် တစ်နေကုန်ဦးမှာ..။နားရမှာမဟုတ်ဘူး..."

"ဘာမှမဖြစ်ပါဘူး...ခါတိုင်းလဲ ဒီလိုပဲ Meeting တွေရှိနေရင် ညလုံးပေါက်သွားတာပဲကို..."

"အရင်ရက်တွေက အဲ့လိုဆက်တိုက်ညလုံးပေါက်ထားလို့ အခုအိပ်ဖို့ပြောနေတာလေ...။ကိုက မအိပ်ချင်တာမဟုတ်ဘူး...။ကို့စိတ်ကိုက အိပ်ဖို့ငြင်းဆန်ပြီးတော့ တမင်တကာမအိပ်ဘဲနေနေတာ...။ဟုတ်တယ်မို့လား..."

"မဟုတ်ပါဘူး...သဲရဲ့..။တမင်တကာမအိပ်ချင်အောင်နေတယ်လို့ ရှိပါ့မလား...။သူ့ဘာသာအိပ်လို့မရတာကို ကိုယ်လဲမတတ်နိုင်ဘူးလေ...။လာ..သဲလေးက အိပ်ပျော်အောင်အိပ်..."

ပြောနေရင်းနှင့် တစ်ကိုယ်လုံးကိုပိုက်ထွေးကာ သိမ်းပွေ့ထားပြီး ကျောကိုဖွဖွလေးပုတ်ပေးနေလျှင် ပါးစပ်နှင့်ပြောမရတော့ပြီမို့ သူမက မထူးတော့သည့်အတူတူ အကြံကုန် ဂဠုန်ဆားချက်လိုက်တော့သည်။သို့နှင့် ရင်ဘတ်ပေါ်ကနေခေါင်းကိုမော့ကာ သူ့ပါးနှစ်ဖက်အား ခပ်ဖွဖွကိုင်ထားလိုက်ရင်း

"ကို ဘယ်လောက်ကြာနေပြီလဲသိလား..."

"ဟွန် ဘာကိုလဲ..."

ထိုအခါ သူမ၏နှုတ်ခမ်းတွေက မေးဖျားကိုထိကပ်ပြီး မေးရိုးတစ်လျှောက်တရွေ့ရွေ့ဖိကပ်ကာ ပွတ်တိုက်သွားရင်း သူ့ရဲ့နားကိုမထိတထိတို့ထိ၍ တိုးဖွဖွလေးပြန်ပြောလိုက်သည်။

You are the only Exception!Where stories live. Discover now