"ကိုယ် အိပ်လို့မပျော်ဘူး...။အိပ်ပျော်အောင်လုပ်ပေး..."

"စိတ်ထဲကနေ သိုးအကောင်ရေ တွက်ကြည့်နေလိုက်..."

"ဘယ်တုန်းက အဲ့လိုထုံးစံရှိလို့လဲ...။ကိုယ်က နိုရာ့အဖေလေ...။အဲ့လိုတွေလိုက်တွက်နေရတာ စိတ်မရှည်ဘူး..."

"ဒီလိုနေရာမှာကျတော့ ကိုယ်က နေသန့်အဖေလေလို့ မပြောဘူး...။အဲ့ဒါဆို ရတဲ့ဘုရားစာရွတ်နေလိုက် ခဏနေရင် အိပ်ပျော်သွားလိမ့်မယ်..."

"ပိုတောင်ဆိုးသေးတယ်...။မိန်းမနားကပ်နေတာကို ဘယ်လိုစိတ်သွင်းပြီးတော့ ဘုရားစာရွတ်နေရမှာလဲ...။ကိုယ့်ကို ကိလေသာကုန်သွားပြီလို့ ထင်နေတာလား..."

မထင်ဘူးပြောလျှင်လည်း ဟုတ်တယ်မှန်တယ်ဟုဆိုကာ သက်သေပြပေးလိမ့်မည်။ထင်တယ်ပြောပြန်လျှင်လည်း ဘယ်လိုထင်လိုက်တာလဲဟုဆိုကာ တစ်စခန်းထလိမ့်မည်။သူပြောသလို စကားတတ်သောနိုရာ့အဖေမို့ ဘယ်နေရာမှမလွတ်ရအောင် ကြံဖန်ပြောတတ်သည့်နေရာမှာ ပြိုင်ဘက္မရှိ ကျွမ်းကျင်လေသည်။ထိုသို့ဖြင့် သူ မအိပ်မချင်း သူမပါအိပ်၍ရမည်မဟုတ်တော့သလို အရင်ရက်တွေက ဆက်တိုက်အလုပ်များကာ ဒီနေ့မှာလည်း တစ်နေကုန်ပင်ပန်းထားသောကြောင့် သူ့ကိုလည်း အိပ်ရေးဝအောင်အိပ်စေချင်သည်။သို့ရာတွင် ပုံစံကြည့်ရသလောက်ကတော့ ဒီရက်ပိုင်းတွေကို ကောင်းကောင်းအိပ်ပျော်မည့်ပုံမပေါ်ဘဲ သူ့သားသမီးတွေပြန်မလာမချင်း ဒီလိုသာ ဂဂျီဂဂျောင်တွေပဲ ဆက်တိုက်လုပ်နေဦးမည့်ပုံပင်။

ရွှေခေတ်သည်လည်း အမှန်အတိုင်းပြောရလျှင် သူ့ကိုကြည့်ပြီး တစ်ခါတစ်ရံမှာ စိတ်တွေလေရသည်။ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသသည့်နေရာမှာ သူချစ်ရသည့်သူတွေအတွက်ဆိုလျှင် ဘယ်ပတ်ဝန်းကျင်၊ဘယ်မျက်နှာကိုမှမထောက်ထားဘဲ ယုတ်စွအဆုံး သူ့ကိုယ်သူတောင်ဂရုမထားဘဲ ချစ်ပြတတ်လေ့ရှိသူဖြစ်ပေရာ ဒီလိုလူကို အစွန်းမရောက်အောင်၊လွတ်ထွက္မသွားအောင် ထိန်းချုပ်ဖို့ဆိုသည်မှာ အမြဲတမ်းအတွက်တော့ သူမသည်လည်း လိုက္မမီနိုင်ချေ။နည်းလမ်းပေါင်းစုံသုံးကာ ချော့တစ်ခါ ခြောက်တစ်လှည့် ချစ်တစ်ဖြတ်ဖြင့် ထိန်းညှိလာခဲ့ရခြင်းသာဖြစ်လေသည်။

You are the only Exception!Where stories live. Discover now