"အိပ်လို့မပျော်ဘူးလား..."

"အွန်း....."

"တစ်နေကုန်လျှောက်သွားထားပြီးတော့ ကောင်းကောင်းမအိပ်ရင် မနက်ဖြန် နေလို့မကောင်းဘဲနေလိမ့်မယ်...။ကိုညီပြောတာ နေ့လယ်စာလဲမစားဘူးဆို.."

"စားချင်စိတ်မရှိဘူး..."

"ဘာကိစ္စစားချင်စိတ်မရှိတာလဲ..."

"စားဖို့အာရုံမရှိလို့လေ...။နိုရာပြန်မလာခင် အဲ့လမ်းတွေကို အကုန်ပြီးအောင်လုပ်နေရတာ...။ကိုယ်လိုက်ကြည့်တာ မြေလမ်းတွေဆိုတော့ မိုးရွာရင် ချော်လဲနိုင်တယ်...။အခုကတည်းက အကုန်လုပ်ထားမှဖြစ်မှာ..."

"နေပါဦး.....၊ Trekking သွားပါတယ်ဆိုနေမှ ဒီလိုမသွားလို့ ကိုက ဘယ်လိုသွားစေချင်သေးတာလဲ...။လမ်းတစ်လျှောက်လုံးကို ကွန်ကရစ်ခင်းပေးချင်သေးတာလား..."

"လုပ်သင့်ရင်တော့ လုပ်ရမှာပဲ..."

ထိုအခါ သူဒီလိုတွေပြောလေတိုင်းမှာ စိတ်ညစ်ညူးရလေသောသူမသည် အခုလည်းပဲ အိပ်နေရာကနေ ချက်ချင်းပင်ခေါင်းထောင်ကြည့်ကာ

"ဘာကို လုပ်သင့်ရင် လုပ်ရမှာပဲလဲ...။ကိုယ့်ခံစားချက်တွေကို တအားဦးစားပေးပြီးတော့ မတွေးပါနဲ့လို့ပြောတာလဲ တစ်စက်ကလေးမှ နားမထောင်ဘူး...။ကလေးတွေကို သန်မာစေချင်လိုက်တာလဲ သူ့အပြင်မရှိဘူး...။ပြီးရင် သူပဲ အကုန်လိုက်ဝင်ပါပြီးတော့ ပျော့ညံ့အောင်လုပ်နေတာ...။တကယ် မပြောချင်လို့ကြည့်နေတာကို အဟုတ်မှတ်နေတယ်..."

မျက်ခုံးတွေတွန့်ချိုးကာ မကျေမနပ်ရန်ထောင်နေသောသူမကိုကြည့်ပြီး သူက သဘောတကျရယ်မောလိုက္မိရင်းမှ ခေါင်းလေးကို ရင်ခွင်ထဲသို့ပြန်ဆွဲကပ်ကာ

"ဘာလို့ ညဘက်ကြီးကိုလာဆူနေတာလဲ..."

"ညဘက်ကြီးဆူရအောင် ဘယ်သူလုပ်တာလဲ...။သားနဲ့သမီးကိုတောင် ဒီလိုမဆူရဘူး...။ကိုယ့်ထက်ငါးနှစ်ကြီးတဲ့ယောက်ျားကို လိုက်ဆူပြောနေရတာ သဘာဝမကျတော့ဘူး..."

"အဲ့ဒါဆို သဘာဝကျအောင်လုပ်ပေးရမလား..."

"တော်ပြီ ပေါက်ကရတွေမပြောနဲ့တော့..။တစ်နေကုန် ဒီလောက်ပင်ပန်းထားတာကို ဒီအသံထွက်နိုင်သေးတယ်...။မနက်ဖြန် အလုပ်များမှာသိရက်သားနဲ့ကို အိပ်တော့လို့.."

You are the only Exception!Where stories live. Discover now