"အွန်း...နိုရာ့ကိုပြောသာပြောရတာ ဟိုနေ့ကမေးကြည့်တော့ ကို့သမီးက ဘာပြောတယ်ထင်လဲ...၊ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ Your Dream in Kalaw မှာ နေရာတစ်ခုအထိရောက်အောင် ကောင်းကောင်းလုပ်နိုင်တယ်...။ဘွဲ့ရပြီးရင်တော့ သဲရဲ့နေရာ သူယူနိုင်လောက်ပြီတဲ့..။တကယ်ကို အပြောတွေကတော့ သူ့အဖေလို တအားစိတ်ကြီးဝင်တာပဲ..."

"အဟွန်း...ကိုယ်ကတော့ ဆယ့်ငါးနှစ်နဲ့လဲ ကလေးလုပ်ချင်စိတ်ရှိရင်၊တာဝန်ယူချင်ရင် လုပ်ခွင့်ပေးလိုက္မှာပဲ..."

"ဟုတ်လား.....။အဲ့ဒါထက် အခုလောလောဆယ်ကို အပြောနဲ့အလုပ်နဲ့ညီအောင် အရင်လုပ်ဦး...။အဲ့လိုတာဝန်တေွယူနိုင်ဖို့ဆိုတာ သူတို့ကိုယ်သူတို့ ပြည့်သထက်ပြည့်အောင် ဖြည့်နိုင်ဖို့ လိုသေးတယ်လေ...။ဖြည့်ဖို့ဆိုတာကလဲ ဒီလိုမျိုး ကိုယ့်အနားမှာတင် အမြဲတမ်း ရင်အုပ်မကွာထားချင်နေလို့ မရဘူး...။အရွယ်ရောက်လာလေ..၊သူတို့အချိန်နဲ့သူတို့ဖြစ်လာလေ...၊ကိုယ်တွေနဲ့နေရတဲ့အချိန်တွေ လျော့လာလေဖြစ်လာမှာပဲ...။

အဲ့တော့ပြောချင်တာက ဒါတွေကို အခုကတည်းက ခံနိုင်ရည်ရှိအောင်လုပ်ထားဖို့..။သူတို့လမ်းကြောင်းကို သူတို့ရှာနေတဲ့အချိန် ကိုက ဒီလိုတွေနောက်ဆံတင်းအောင် လုပ်နေလို့မရဘူး...။ဒီလိုမတွေ့ရတိုင်း မကြည်မသာနဲ့ ပိန်လိန်နေလို့မရဘူး သိလား..."

သူမ၏ပြောစကားကိုပြန်မဖြေဘဲ ခပ်ဆိတ်ဆိတ်သာနေနေသောကြောင့် သူမက dryer ကိုပိတ်ကာ နေရာတကျပြန်ထားလိုက်ပြီး သူ့လည်ပင်းကိုသိုင်းဖက်၍

"သိလားလို့.."

"အွန်း သိတယ်...။အရွယ်မရောက်သေးလို့ ကိုယ်က ဒီလိုဖြစ်နေရတာ...။အရွယ်ရောက်သွားကြရင် ဒီလိုမဖြစ်တော့ဘူး...။ပြီးတော့ ဘာပဲဖြစ်ဖြစ် သဲပြောတဲ့အဲ့ဒီအချိန်က အခုမဟုတ်သေးဘူးလေ...။အခုတော့အိပ်ကြမယ် ဟုတ်ပြီလား..."

ထိုကဲ့သို့ စကားဖြတ်ချင်၍ အိပ်ကြမည်ပြောသောသူက အိပ်ရာထဲရောက်သည်အထိလည်း တော်တော်နှင့်မအိပ်သေးပေ။သူမက သူ့ပခုံးပေါ်အထိခေါင်းတင်ကာ အိပ်နေသောကြောင့် သူ့ရဲ့မပြေလျော့သေးသည့်ခန္ဓာကိုယ်၊တစ်ချက်တစ်ချက္မသိသာအောင်ချလိုက်သည့် ခပ်တိုးတိုးသက်ပြင်းချသံ၊တစ်ခါတစ်ခါ နဖူးပေါ်သို့လာရောက်ထိတွေ့လာသော ခပ်ဖွဖွအထိအတွေ့တို့ကြောင့် သူမသည်လည်း အိပ်၍မပျော်နိုင်တော့။ထို့ကြောင့် အတန်ကြာသည်အထိစောင့်ကြည့်နေရင်း သူ့ပုံစံက တစ်ညလုံးအိပ်မည့်ပုံမပေါ်၍ မော့ကြည့်လိုက်လျှင် ထင်သည့်အတိုင်း အိပ်ချင်စိတ်လံုးဝရှိမနေသောမျက်လုံးများအား တွေ့လိုက်ရသည်။

You are the only Exception!Where stories live. Discover now