"ဘယ်လိုမှ လုပ်စရာမလိုဘူး..၊ကိုယ်တို့ပါလိုက်သွားလို့ရတယ်...။မဟုတ်လဲ လုပ်ငန်းက တစ်နေရာတည်းအခြေတည်ပြီးတော့ လုပ်နေစရာမှမလိုတော့တာ..."

ပြောရင်းနှင့် ရေစိုနေသည့်ခေါင်းကို စိတ်မပါလက္မပါသုတ်နေသောကြောင့် သူမက ဆွဲခေါ်ကာထိုင်ခိုင်းလိုက်ပြီး သေချာအခြောက်ခံပေးရသည်။

"ကို..."

"အွန်း..."

"တကယ်လို့ ကလေးတွေသာစိတ်ဆန္ဒရှိရင် Your Dream in Kalaw ကိုဆက်ခံဖို့ နိုရာကို ဘယ်အရွယ်လောက်လို့မှန်းထားလဲ...။ပြီးတော့ ကို့နေရာကို နေသန်ဆက်ခံဖို့ဆိုရင်ရော ဘယ်အချိန်လောက်လို့တွေးထားလဲ..."

"နိုရာလိုတက်ကြွပုံမျိုးနဲ့ဆို သူပညာစုံတဲ့အချိန် ဘွဲ့ရပြီးပြီးချင်းပဲ...။သားကတော့ အချိန်တန်တာနဲ့ သေချာပေါက် ကိုယ့်နေရာကိုယူနိုင်မှာပဲ...။သူ့ကိုယ်သူပိုင်နိုင်ပြီလို့ သတ်မှတ်တဲ့အချိန်ပေါ့..။ပြောရရင် သားနေရာကကျတော့ အရည်အချင်းတစ်ခုတည်းရှိနေရုံနဲ့ မရဘူးလေ...။သူဆည်းပူးရမဲ့အတွေ့အကြုံတွေ၊နေရာနဲ့လိုက်ဖက်အောင်တွေးတတ်တဲ့ အသက်အရွယ်ဆိုတာတွေက လိုသေးတယ်...။ကိုယ့်တုန်းကထက်တော့ စောမှာပါ...။ပြီးတော့ ကိုယ့်ထက်လဲအများကြီးသာမှာ..။သားကို ကိုယ်ယုံတယ်..."

"ပညာစုံတဲ့အချိန်လဲ သမီးကို တရားဝင်မပေးနိုင်သေးဘူး...။ဝန်ထမ်းပဲအရင်လုပ်ခိုင်းမှာ...။ဘယ်လောက်ပဲထက္မြက်နေနေ တော်နေနေ ဝန်ထမ်းဘဝမှာနေခဲ့ဖူးမှ ဝန်ထမ်းတေွရဲ့သဘောကို နားလည်နိုင်မှာ..၊စာနာနိုင်မှာ..၊ထိန်းချုပ်နိုင်မှာ..။သားကိုလဲ အဲ့လိုပဲ...။အသက်ငယ်သေးလို့ဆိုပြီးတော့ အထင်သေးတာတွေ၊ပညာပြတာတွေ မခံရစေချင်ဘူး...။ဒါပေမဲ့ သားကိုတော့ အခုကတည်းကိုက ချစ်ကြပါတယ်...။မြန်မြန်ဆက်ခံခိုင်းဆိုတာပဲပြောနေကြတာ..၊ကို့ကိုမမြင်ချင်ကြတော့ဘူးထင်တယ် ဟင်းဟင်း..."

"သားက ကိုယ့်ထက်စာရင် သဘောကောင်းတယ်လေ...။သူတို့ပြောသမျှ လက်သင့်ခံမယ်လို့ ထင်နေကြမှာပေါ့..။တကယ်တမ်း မဟုတ်တာတွေ့ရင် သူ့လမ်းကြောင်းနဲ့သူ မြေလှန်ပစ်မဲ့လူမျိုးဆိုတာ သူတို့မသိကြဘူး..."

You are the only Exception!Where stories live. Discover now