သူတင်သာမက သူ၏ညီမလေးကပါ အလုပ်ဝင်လာခဲ့ပေရာ ထင်းရှူးတော၏ Campsite ကိုတာဝန်ယူသောအဖွဲ့၏ Team leader သည် စိုင်းအာကာမိုး၏ညီမ နန်းကြည်သာမိုးပင်ဖြစ်လေသည်။သို့နှင့်ပင် မောင်နှမနှစ်ယောက်လုံး Your Dream မှာပျော်မွေ့နေရုံသာမက သူတို့နှစ်ယောက်လုံးအတွက်ကို အားကိုးရသောလူယုံအဖြစ်ပါ ရှိနေသောစိုင်းအာကာမိုးသည် ကလေးတွေ၏အချစ်တော်အဖြစ်လည်းရှိနေပြန်လေသည်။ထိုသို့ဖြင့် အခုထိအိမ်ထောင်မပြုသေးဘဲ အလုပ်ကိုအားကြိုးမာန်တက်လုပ်ဖို့လောက်သာ အားသန်နေသည်ကြောင့် သူမတို့နှစ်ယောက်လုံးက မိန်းမယူဖို့တိုက်တွန်းနေရသည်မှာလည်း မကြာခဏပင်။
တစ်နေကုန်အောင် သူ့စိတ်တိုင်းကျဖြစ်သည်အထိ အကုန်စီစဉ်ကာ ပြီးစီးသွားသည့်နောက္မှာတော့ ရုံးဆင်းချိန်ကျော်နေပြီဖြစ်သောကြောင့် သူ့ကိုစောင့်နေသည့်သူမနှင့်အတူ ဟိုတယ်မှာပင်ညစာစားကာ အိမ်ပြန်ခဲ့ကြတော့သည်။ထို့နောက် ကလေးတွေနှင့် vc ပြောဖို့ကိုသာ စိတ်အားထက်သန်နေသောသူက အိမ်ပြန်ရောက်သည်နှင့် စာကြည့်ခန်းထဲတန်းရောက်ကာ ကြိုစောင့်နေလိုက်သည်။သူအလုပ်အားချိန်၊ရုံးဆင်းချိန်နှင့် သူတို့အားလပ်ချိန်ကို ရွေးခေါ်တတ်ကြလေရာ သူ့ဘက်ကအားသော်လည်း အချိန်ကွာခြားချက်ကြောင့် တစ်ခါတလေမှာ ကလေးတွေဘက်က အစီအစဉ်တစ်ခုခုရှိ၍ မအားလျှင် ခဏတစ်ဖြုတ်သာပြောလိုက်ရသည်မျိုးလည်းရှိလေသည်။
ဒီနေ့မှာလည်း အလုပ်ရှုပ်နေသောကလေးတွေက အချိန်ခဏလောက်ကိုမျက်နှာလေးတေွပြ၍ ဘာမှတောင်သိပ်မပြောလိုက်ရဘဲ see you လုပ်သွားကြလေပြီ။သို့နှင့် အချိန်ကြာကြာမပြောလိုက်ရသောသူက ညပိုင်းကိုအလုပ်လုပ်ရန်ပင် အာရုံစိုက္မရတော့သည်ကြောင့် စိတ်လက္မကြည်သာစွာဖြင့်သာ အစောကြီးအိပ်ရာဝင်ဖို့ ပြင်လိုက်ရတော့သည်။
ထိုသို့ဖြင့် ရေချိုးခန်းထဲကနေထွက်လာလေသည့် မကြည်မသာဖြစ်နေသောသူ့မျက်နှာကို မှန်တင်ခုံမှာထိုင်နေသည့်သူမက ပြုံးစစနှင့်ကြည့်ကာ
"ကလေးတွေ နှစ်နဲ့ချီပြီးတော့ ကျောင်းသွားတက်တဲ့အချိန်ရောက်ရင် ဒီလိုပုံစံမျိုးနဲ့ဆို ကို ဘယ်လိုလုပ်မှာလဲ..."
ČTEŠ
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
