ဟိုတယ်ကနေသိပ်မဝေးသည့် Organic ခြံနှင့် မွေးမြူရေးခြံတို့အား ကိုညီဖော်ပေးထားသည့်လမ်းကြောင်းကနေသွားကာ လမ်းတစ်လျှောက္မှာတော့ ကလေးတွေက တွေ့သမျှအပင်တွေအကြောင်းကို နိုရာပြောပြပေးသမျှ နားထောင်သွားရုံပင်။များသောအားဖြင့် ငါးနှစ်နှင့်ရှစ်နှစ်ကြားငယ်ရွယ်သည့်ကလေးတွေအတွက် ခြံတွေရှိရာလမ်းကြောင်းကိုပင်လက်ခံကာ တောလမ်းကိုတော့ ရှစ်နှစ်နှင့်အထက်ကိုသာ လက်ခံလေသည်။တစ်ခါတစ်ရံမှာ အဖော်ကောင်း၍ပါလာသော ငါးနှစ်ထက်ငယ်သည့် လေးနှစ်အရွယ်ကလေးတွေကိုတော့ ဟိုတယ်နှင့်အနီးဆုံးဖြစ်သည့် Organic စိုက်ခင်းကိုသာ ပို့ပေးလေ့ရှိလေသည်။
ဆယ်နှစ်တာကာလအတွင်းမှာ ပြောင်းလဲသွားသော Your Dream in Kalaw သည် ဟိုတယ်တစ်ခုအနေနှင့်သာမကတော့ဘဲ ဟိုတယ်ပတ်လည်က ရွှေခေတ်ကိုယ်တိုင်ထပ်ချဲ့ထားသော Organic စိုက်ခင်းများ၊မွေးမြူရေးခြံများအပြင် ကိုညီလက်ခံသမျှ Trekking Service အကုန်လုံးအား ဟိုတယ်နှင့်ပူးပေါင်းချိတ်ဆက်လိုက်သည်ကြောင့် ကွန်ရက်သဖွယ်ဖြစ်နေသော Activity ပေါင်းများစွာနှင့် စနစ်တကျ မြိုင်မြိုင်ဆိုင်ဆိုင် လည်ပတ်နေခြင်း ဖြစ်ပေသည်။ထို့ပြင် Library ကိုလာရောက်ကြသော ကျောင်းများ၊သင်တန်းများအပြင် ပညာရေးဘက္မှအသိုင်းအဝိုင်းများသာမက အခြားသောအရေးပါအရာရောက်သူများကပါ Your Dream မှာ စတည်းချလာကြသောကြောင့် ထိုအတွက်ကို သီးသန့်ဘန်ဂလိုများပါ ထပ်ဆောက်ပေးထားလေရာ ဟိုတယ်ဧရိယာသည် အရင်ကထက်ပို၍ နှစ်ဆကျယ်ဝန်းလာလေသည်။
ထိုကဲ့သို့ Your Dream တိုးတက်လာသည်နှင့်အညီ ရွှေခေတ်ကတော့ Your Dream in Kalaw ၏ CEO နေရာမှာတင်မဟုတ်တော့ဘဲ သူတို့ Group ကပိုင်ဆိုင်သမျှ Hotel များ၊ Resort များအားလုံးက သူမ၏လက်အောက်သို့ ထိုက်တန်စွာ ရောက်ရှိခဲ့လေပြီ။ဟိုတယ်တစ်ခုလုံးကိုစီမံအုပ်ချုပ်ရန်အတွက် သူမ၏နေရာမှာ မနန်းမိုရှိ၍ မနန်းမိုနေရာမှာတော့ ကျေးဇူးမမေ့တတ်လေသော စိုင်းအာကာမိုးရှိနေသည်။အပြောနှင့်အလုပ်ညီသော ထိုကောင်လေးသည် သူမတို့အပေါ်မှာ ကျေးဇူးရှင်သဖွယ်သဘောထားပြီး Your Dream အတွက်ကို စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲမြှုပ်နှံကာ ကြိုးစားလာခဲ့သူမို့ အချိန်ကာလတစ်ခုအတွင်း၌ သူ့အတွက်နေရာတစ်ခုက ခိုင်ခိုင်မာမာရရှိလာခဲ့ပြီဖြစ်သည်။
DU LIEST GERADE
You are the only Exception!
Romantikအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
