"နေ့လယ်စာလေးတော့ စားခွင့်ပေးပါဦး နိုရာ့အဖေရယ်...။သားအဖနှစ်ယောက်လုံးက လုပ်ချင်ရင်ဇွတ်..။ဒီမှာ ဗိုက်တွေဆာလှပြီ..."
ထိုသို့ပြောလေတော့မှ ထမင်းစားခွင့်ပေးလေကာ သူကိုယ်တိုင်ကတော့ ချောချောမွေ့မွေ့မရှိသည့်အတက်အဆင်းလမ်းတွေကို ပြေပြစ်အောင်လုပ်ခိုင်းထားသောနေရာဆီသို့ ထွက်သွားပြန်လေသည်။ကိုညီကတော့ ထမင်းစားနေရင်းမှ မစားမသောက်နှင့် လုပ်ချင်တာတွေတွန်းထိုးလုပ်နေသည့် သူ့ကိုကြည့်ရင်း စိတ်ထဲကနေ တွေးနေမိသည်။
အဖေဖြစ်သူကတော့ ဒီမှာ သူ့သမီးမရှိသည့်အချိန် သူလုပ်ချင်တာမှန်သမျှ အကုန်လုပ်ထားလေပြီ။
ဒီလိုနှင့် သမီးဖြစ်သူပြန်ရောက်လာလျှင်လည်း လမ်းဘေးက မြက်တစ်ပင်၊ခဲတစ်လုံးကအစ အလွတ်ရနေသောနိုရာက ဒါတွေက ဘယ်လိုဖြစ်သွားတာလဲ ဟုဆိုကာ သူ့ကိုနားပူပေဦးမည်။မည်သို့ပင်ဖြစ်ေစ လုပ်နေသမျှတွေက ကန့်ကွက်စရာမရှိသည်မို့ သူကတော့ ဖခင်ချင်းကိုယ်ချင်းစာကာ လိုအပ်တာအကုန် လိုက်လုပ်ပေးလိုက်ရုံပင်။
စွာတေးလန်နိုရာနှင့်က နောက္မှရှင်းရမည့်ကိစ္စဖြစ်ပြီး အခုလောလောဆယ်မှာတော့ သူကြောက်ရမည့်နီးရာဓားက လုပ်ချင်ရာအကုန်လုပ်နေသည့် အမြွှာနှစ်ယောက်အဖေသာဖြစ်လေသည်။ထို့ကြောင့် ပဲလှော်ကြားက ဆားဖြစ်မည့်အတူတူ ရွှေခေတ်ကလည်း ဒီရက်ပိုင်း ဘာလုပ်လုပ် လွှတ်သာထားပေးလိုက် ဟူ၍ ph ဆက်ကာမှာထားသည်မို့ ဒီဇွတ်သမားသူရိန်ကို လွှတ်ထားပေးရုံကလွဲပြီး သူသည်လည်း ဘာမှမတတ်နိုင်။ထိုသို့ဖြင့် ဇွတ်သမီးနိုရာပြန်ရောက်လာလျှင်တော့ ခဏတစ်ဖြုတ်မသိချင်ဟန်ဆောင်ကာ လေးညီဘာမှမသိဘူး...သမီးဖေဖေနဲ့သွားပြော ဆိုသည့် စကားတစ်ခွန်းကိုသာ အာဂုံဆောင်ထားရင်း ဘောလီဘောပုတ်ရပေလိမ့်ဦးမည်။
နိုရာ၏ အသက်အရွယ်အလိုက်ခွဲထားသော Trekking လမ်းကြောင်းများက သူထင်ထားသည်ထက်ပို၍ စနစ်ကျပါသည်။ငါးနှစ်အရွယ်မှစတင်လက်ခံသော တစ်နာရီစာလမ်းကြောင်းသည် ကလေးတွေဖြစ်ေသာကြောင့် လမ်းလျှောက်ချိန်ကိုအကြာကြီးမပေးရဘဲ အများဆုံးလမ်းလျှောက်ချိန်က နာရီဝက်လောက်သာပင်။ထိုနာရီဝက်အတွင်းမှာကလည်း လမ်းလျှောက်လိုက်၊စကားပြောလိုက်နှင့် နားလိုက်လျှောက်လိုက် လျှောက်ရသည်မို့ ကလေးတွေအနေနှင့် ပင်ပန်းသည်ဆိုတာမျိုးကို ခံစားရမည်မဟုတ်ပေ။ပြီးလျှင် ကျန်သည့်နာရီဝက်က အရွက်ခူးခြင်း၊နွားနို့ညှစ်ခြင်းအပါအဝင် Organic ခြံ၊မွေးမြူရေးခြံမှာ လှည့်လည်ကြည့်ရှုရှင်းပြရင်းဖြင့်သာ အချိန်ကုန်စေခြင်းဖြစ်လေသည်။ဆိုရလျှင် Trekking ဟုသာပြောသော်လည်း တကယ်တမ်းတော့ ကလေးများအုပ်စုဖွဲ့ကာ လမ်းလျှောက်လည်ပတ်ကြသည့် အာသာပြေ Trekking လေးသာဖြစ်ပေမည်။
BINABASA MO ANG
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
