"ဒီအတိုင်းပဲဖက်အိပ်နေတာလေ..."

သူမဆီမှ ထိုကဲ့သို့ပြောသံများကြားလိုက်ရလျှင် မနေနိုင်အောင် ပစ်ကျသွားတတ်သောသူက အခုလည်းပဲ နစ်ဝင်နေသည့် သူ့အာရုံတောထဲကနေ ချက်ချင်းလက်ငင်းပင် ခွာထွက်လာနိုင်ပုံရသည်။ထိုသို့ဖြင့် တစ်မုဟုတ်ချင်း ရင်ခုန်စိတ်လှုပ်ရှားလာသောအရိပ်အယောင်များနှင့် ရီဝေယှက်သိုင်းသွားရသည့်မျက်ဝန်းများက သူမကို ခပ်မြူးမြူးပြန်ကြည့်လာရင်း

"ဒီအတိုင်းဖက္မအိပ်လို့ သဲက ဘယ်လိုအိပ်စေချင်တာလဲ..."

"ဘယ်လိုနည်းနဲ့ပဲအိပ်အိပ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင်ပြီးတာပဲ...။ကောင်းကောင်းအနားယူစေချင်တာ..."

"အဟွန်း..ကိုယ် ဘယ်လိုအနားယူတတ်လဲဆိုတာ သဲ သိပြီးသားမို့လား..."

ပြောနေရင်း သူမကိုအုပ်မိုးတော့မလိုနှင့် ထဖို့ဟန်ပြင်လိုက်သည့်သူ့အား သူမက ရင်ဘတ်ကို လက်နှစ်ဖက်နှင့်တွန်းကာ ပြန်ဖိထားလိုက်ရင်း

"အားကုန်ခံဖို့ပြောနေတာမဟုတ်ဘူး...။ဒီနေ့ ဘာမှလုပ်ဖို့စိတ်မကူးနဲ့ ငြိမ်ငြိမ်လေးပဲနေ..."

"ဟွန်..."

ထိုသို့ဖြင့် အရှိန်ပျက်ပြီးကြောင်သွားသောသူ့မျက်နှာကို အရသာခံကြည့်မနေတော့ဘဲ နှုတ်ခမ်းပါးတွေကိုသာ တရှိုက္မက္မက္ငုံ့နမ်းလိုက်တော့သည်။သူက ပြန်လည်ဦးဆောင်ရန်အတွက် ခါးကိုသိမ်းပွေ့ရင်း တစ်ဖက်သို့လှည့်ရန်ပြင်လိုက်လျှင် သူမကအလှည့်မခံဘဲ တစ်ကိုယ်လုံးကိုသူ့ကိုယ်ပေါ်သို့ရောက်နေအောင် ခြေထောက်တွေပါထပ်တင်ပစ်လိုက်သည်။ထိုအခါတွင် နားမလည်သော်လည်း သူမ၏အလိုကိုလိုက်ပြီး အလိုက်သင့်နေပေးရန် ဆုံးဖြတ်လိုက်ပုံရသောသူသည် ငြိမ်ငြိမ်လေးနေပေးကာ ထပ်မလှုပ်တော့။သို့နှင့်ပင် သူမက သူ့ကိုယ်ပေါ်ကနေပြန်ဆင်း၍ စိမ်ပြေနပြေနမ်းရှိုက်နေရင်းမှ လက်ကတော့ အောက်ကိုတဖြည်းဖြည်းလျှောဆင်းသွားလိုက်သည်။မျက်လုံးတွေမှိတ်ပြီး သူမ၏အနမ်းတေွကို အာရုံအပြည့်စိုက်ထားသောသူက သူမလက်၏လားရာကိုခံစားလိုက္မိလျှင် ပွေ့ဖက်ထားသောလက်တွေက ပိုမိုတင်းကျပ်သွားရရင်း နှုတ်ခမ်းတွေကလည်း မက္မောပြင်းပြစွာပင် တံု့ပြန်လာသည်။

You are the only Exception!Where stories live. Discover now