သည်အချိန်တွင် ကွေ့လန်အာ က သူမ မျက်စိရှေ့တွင် ကျနေခဲ့သည့် သေနတ်ကို တွေဝေစွာ ကြည့်နေခဲ့သည် ။ တဖန် လုဖုန်းထံသို့ အကြည့်ရောက်သွားခဲ့သည် ။သူမ မျက်လုံးထဲတွင် မနှစ်မျို့ဖွယ် ပုံရိပ်တချို့ ပေါ်လာခဲ့သည် ။ သူမက ရွံ့စရာကောင်းသည့် လူအိုကြီးတွေရဲ့ ရင်ခွင်ထဲ ဝင်နေရခြင်းက လုဖုန်းကြောင့်ပင် ။
သူမ၏ အကြည့်က လုဖုန်း၏ ခပ်တင်းတင်းဖက်ထားခြင်းကို ခံရသည့် ချင်ယွင်ချီကို ကြည့်လိုက်သည် ။ ချင်ယွင်ချီ ၏ ခန့်ညား‌ချော‌မောသည့်မျက်နှာသည် အခုချိန်တွင် အပြုံးနုနုကို ထုတ်ဖော်နေခဲ့သည် ။ သူမက ဒီလို မနှစ်မြို့ဖွယ် ခံစားနေရချိန် သူမကို ဖိအား ပေးခဲ့သည့် လူသည်တော့ နတ်ဘုရားကဲ့သို့ လူမျိုးကို ပိုင်ဆိုင်နေခဲ့သည် ။ မိန်းမတစ်ယောက်၏ အလိုလိုသိစိတ်အရ ကျိုးယဲ့ဟန်သည်လည်း လုဖုန်းအပေါ် ခံစားချက်ရှိနေကြောင်း သိနေခဲ့သည် ။
သူမ ဘဝတွင် တွေ့ခဲ့ဖူးသည့် ကြီးကျယ် ခမ်းနားသည့် လူနှစ်ယောက်လုံးသည် လုဖုန်းဘက်တွင် ရှိနေခဲ့သည်ကို တွေးမိချိန်တွင် သူမ၏ အမျက်ဒေါသကို မထိန်းချုပ်နိုင်တော့ပေ ။
ဒိုင်း!!! ဒိုင်း!!!ဒိုင်း!!
သေနတ်ကို ကောက်ယူလိုက်ကာ ဆက်တိုက်ပစ်ခတ်လိုက်သည်။ သူမ၏ ပစ်မှတ်သည် လုဖုန်းမဟုတ်ခဲ့ဘဲ ချင်ယွင်ချီ ဖြစ်နေခဲ့သည် ။ သူမက လုဖုန်းအား နှလုံးသားအတွင်းမှ နက်ရှိုင်းစွာ နာကျင်မှုကို ခံစားရစေမည် ။
" ကိုကို!!!! " ထိုအချိန်တွင် ဂိုထောင်ထဲသို့ ဝင်လာသည့် ကျိုးယဲ့ဟန်သည် မြင်လိုက် မြင်ကွင်းကြောင့် အသက်ရှုရပ်မတက်ဖြစ်သွားခဲ့သည် ။
ချင်ယွင်ချီ က မျက်နှာထက်သို့ လွင့်စင်လာသည့် သွေးစက်များကြောင့် တောင့်တင်းသွားခဲ့သည် ။ သူ့အပေါ်သို့ တဖြည်းဖြည်း ပြိုလဲကျလာသည့် ခန္ဓာကိုယ်အား ထိန်းကိုင်လိုက်သည့် လက်တို့သည် တုန်ယင်နေခဲ့သည် ။ ' မဟုတ်.. မဟုတ်ဘူး '
ကွေ့လန်အာ၏ ပစ်ချက်များသည် ဖြောင့်တန်းမနေခဲ့သော်လည်း ဆက်တိုက်ပစ်ခတ်မှုကြောင့် ရှောင်ဖို့ လမ်းကြောင်း မရှိခဲ့ပေ ။ ကွေ့လန်အာသည် လုဖုန်းက ချင်ယွင်ချီအား ကာကွယ်လိုက်ခြင်းကြောင့် ခေတ္တမျှ ကြောင်အသွားသော်လည်း ခနအကြာတွင် အော်ရယ်လိုက်သည် ။