"ပြောစရာရှိတယ်လို့တော့မထင်ဘူး...။အိပ်ချင်နေတယ်လို့တော့ထင်တယ်...။တစ်နေကုန် တောင်ကြီးသွားပြီးတော့ ပင်ပန်းလာခဲ့ပြီမို့လား...။စောစောအိပ်မယ်လေ..."
"လူပင်ပန်းတာက ဘာမှမဖြစ်ဘူး...။စိတ်ပင်ပန်းရတာတော့ဆိုးတယ်...။ဒီနေ့ ကိုယ့်မိန်းမနဲ့သားသမီးတွေက ကိုယ့်ကိုဝိုင်းပြီးဖုံးကွယ်ထားတာကို ဖော်ထုတ်ပြီးသွားတော့ လူက တော်တော်လေး စိတ်ပင်ပန်းပြီးကျန်ခဲ့တယ်...။ငါ့တစ်ယောက်တည်းကိုမှ မသိအောင်လုပ်နိုင်ကြလေခြင်းဆိုပြီး ဘယ်..."
စကားမဆုံးသေးခင်မှာ သူမကခြေဖျားထောက်၍ သူ့ပါးစပ်ကို နှုတ်ခမ်းတွေနှင့် ချိတ်ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။ထိုသို့ဖြင့် အတန်ကြာသည်အထိ တောင်းပန်အနမ်းတွေကို ညင်သာစွာပေးအပ်လိုက်ရင်း သူ့နှုတ်ကနေ နောက်ထပ်စကားတွေ ထပ်မထွက်နိုင်သည်မှာ သေချာတော့မှ သူမက ရပ်တန့်လိုက်သည်။ထိုအခါ သူက နှုတ်ခမ်းတွေကိုတစ်ချက်သပ်ကာ ပြုံးစစဖြင့်ကြည့်လာရင်း
"ဒီနည်းလမ်းက တစ်သက်လုံးအသုံးဝင်သွားမယ်ဆိုပေမဲ့ ပြောစရာရှိတာကိုတော့ ပြောပြရမှာပဲ...။ဟုတ်တယ်မို့လား..."
"ဟုတ်ပါတယ်...။ဘယ်သူကရော ဘာပြောနေလို့လဲ...။ကိုယ့်ယောက်ျားကိုယ် နမ်းချင်စိတ်ရှိလို့နမ်းတာပဲကို..."
"အဟွန်း.....အဲ့ဒါဆို ပါးစပ်ပိတ်ချင်တဲ့ဆန္ဒက တစိုးတစိလေးမှမပါဘူးပေါ့.."
သူမက ရယ်ကျဲကျဲနှင့်ပင် ရင်ခွင်ထဲတိုးဝင်ကာ သူ့ကိုမှီနွဲ့ထားလိုက်ရင်း
"နည်းနည်းတော့ပါတာပေါ့..။ကိုက အပိုတွေလျှောက်ပြောနေတာကိုး..."
"အပိုတွေ..။အပိုတွေလို့ ဘယ်လိုများသတ်မှတ်ယူဆလိုက်တာလဲ ပြောပါဦး..."
ကိုယ့်အနေအထားက သူနှင့်ပြိုင်ငြင်းနေရမည့် အနေအထားမဟုတ်သောကြောင့် သူမက မျက်လုံးလေးလှန်ပြီးမော့ကြည့်ကာ လေသံတိုးတိုးလေးနှင့်ပြောလိုက်သည်။
"တောင်းပန်ပါတယ်..."
"ဘာကိုတောင်းပန်တာလဲ..."
"ကို့ကို ဖုံးကွယ်ထားမိလို့.."
"ဘာလို့ဖုံးကွယ်ထားတာလဲ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Types
Start from the beginning
