"ဟုတ်ကဲ့ မေမေ..."

ရွှေခေတ်က မီးကိုအရှိန်လျှော့လိုက်ပြီး နောက်ကနေဖက်ထားသည့်သမီးဘက်လှည့်ကာ ပြန်လည်ပွေ့ဖက်လိုက်ရင်းမှ ရင်ခွင်ထဲကမျက်နှာလေးကို သေချာကြည့်၍ မေးလိုက်သည်။

"ဒီနေ့သွားရတာ ဘယ်လိုနေလဲ...။ကလေးတွေကိုရော သေချာပြောပြရှင်းပြခဲ့ရဲ့လား..."

"အွန်း ရှင်းပြခဲ့တယ်...။သိလား မေမေ..၊ဒီနေ့ ကလေးတစ်ယောက်ရဲ့အဖေက နိုရာတို့အဖွဲ့ကို ဒီလောက်တောင်ထည့်ပေးသွားတယ်...။ဒီတစ်ပတ်ရတာတွေနဲ့ မနက်ဖြန်ကို ပီစိုင်းက စာအုပ်တွေသွားဝယ်ပေးတော့မှာ..."

လက်ချောင်းလေးတွေကို အားရပါးရထောင်ပြကာ ဝမ်းသာအားရပြောနေသောသမီးကို သူမက ပီတိဖြစ်စွာဖြင့် ကြည့်နေမိသည်။သူမထက်ကို အဆတစ်ရာလောက် လက်စောင်းထက်သည့်အတွက် ကျေနပ်ရပါသည်။သို့သော် ကျေနပ်တာကအရင်ဖြစ်သော်လည်း နောက်ပိုင်းကန့်လန့်ကာနောက်ကွယ်မှာတော့ ဒီနေ့ညမှာ သူတို့အဖေနှင့် စကားတွေအကြိတ်အနယ်ပြောရပေဦးမည်။

--------------------------*************-----------------------------

ကလေးတွေအခန်းကနေ သူတို့အခန်းဘက်ကိုပြန်လာပြီး တံခါးဖွင့်ဝင်လိုက်လျှင် မှန်တင်ခုံရှေ့မှာ လိမ်းစရာရှိတာတွေလိမ်းနေသောသူမအား တွေ့လိုက်ရသည်။သူဝင်လာသည်ကို ဖျတ်ခနဲ တစ်ချက်ပဲကြည့်ကာ လုပ်စရာရှိတာကိုသာ အေးအေးဆေးဆေးဆက်လုပ်နေသောသူမအား သူကလည်း စိတ်ရှည်လက်ရှည်နှင့်ပင် မှန်တင်ခုံကိုမှီ၍ လက်ပိုက်ကြည့်ပြီး စောင့်နေလိုက်သည်။ထို့နောက် ပြီးစီးသွားလျှင် သူ့ကိုမော့ကြည့်လာကာ

"အိပ်ကြမယ်လေ..."

ပြုံးပြုံးလေးပြောပြီး ကုတင်ပေါ်တက်ဖို့ပြင်နေသည့်သူမအား သူကအသွားမခံသေးဘဲ လက်ကိုဆတ်ခနဲဆွဲယူကာ ရင်ခွင်ထဲထည့်လိုက်ရင်းမှ ခါးလေးကို မလှုပ်သာအောင်သိမ်းဖက်ထားလိုက်သည်။ပြီးလျှင် ရူးချင်ယောင်ဆောင်နေသည့်မျက်နှာလေးကို သေချာကြည့်ကာ

"ကိုယ်တို့ ပြောစရာတွေရှိနေတယ်လို့မထင်ဘူးလား..."

"မထင်ပါဘူး..."

"သေချာစဉ်းစားပါဦး..."

ပြုံးစိစိနှင့်သူမက နှုတ်ခမ်းကိုတစ်ချက်ကိုက်ကာ သူ့ကို ရယ်ချင်သလိုကြည့်လာရင်း

You are the only Exception!Where stories live. Discover now