"ပုံမှန်ဆို သူအဲ့လိုသွားတိုင်း သားပါလိုက်သွားတယ်...။ဒီနေ့က ကျောင်းမှာ ပန်းချီပြပွဲအတွက်ပြင်ဆင်စရာရှိနေလို့ သူတစ်ယောက်တည်းသွားလိုက်ရတာ..."

သူက နေသန့်ခေါင်းလေးကို သူ့ဘက်ဆွဲယူကာ နှုတ်ခမ်းနှင့်ဖိကပ်ထားမိရင်း

"နိုရာ့ကို ဖေဖေပြီးရင် နောက်ထပ်စိတ်အပူဆုံးလူက သားပဲ...။ဒါပေမဲ့ သားလဲ အခုထိကလေးပဲလေ...။အစ်ကိုဆိုပေမဲ့ နိုရာနဲ့ရွယ်တူ ဆယ်နှစ်သားပဲရှိသေးတယ်...။ညီမလေးအတွက်ကို အပြည့်အဝစောင့်ရှောက်ချင်စိတ်ရှိတဲ့ အစ်ကိုဆိုတာ ဖေဖေသိတယ်..."

သူက မော့ကြည့်လာသည့်သားရဲ့မျက်နှာကို လေးနက်စွာစိုက်ကြည့်ကာ

"သားအရွယ်နဲ့ ဘယ်မနိုင်ဝန်ကိုမှ ထမ်းစရာမလိုဘူး...။သားတို့ရဲ့နောက္မှာ ဖေဖေကအမြဲတမ်းရှိတယ် အဲ့ဒါကိုသိတယ်မို့လား..."

ကြည့်နေသည့်မျက်ဝန်းလေးက ဖျတ်ခနဲနက်ရှိုင်းသွားကာ ခေါင်းညိတ်ပြလိုက်သောပုံစံသည် တကယ်ကိုတည်ကြည်လွန်း‌သောကြောင့် သူတောင် ရင်ထဲကငြိမ့်ခနဲဖြစ်သွားရရင်း ထိုပုံစံလေးမှာ မျောပါသွားရသည်။

အင်း.....ဒါကလည်း တစ်မျိုးတစ်ဘာသာဆန်းသော သူနှင့်တူသည့် သူ့သားသာပင်။

ထိုသို့ဖြင့် နိုရာထိန်းသိမ်းရေးအတွက် သားအဖနှစ်ယောက်ခေါင်းချင်းဆိုင်နေကြချိန်မှာ နိုရာကတော့ မီးဖိုခန်းထဲအပြေးဝင်သွားကာ သူမမေမေ၏ခါးကို နောက်ကနေသိုင်းဖက်လိုက်သည်။ထိုအခါ ဒီရက်ပိုင်းမှာ ဓာတ်ကျနေကြပါသော Macaroni ကို Cheese နှင့် သေချာချက်ပေးနေသောရွှေခေတ်က သမီးကိုလှည့်မကြည့်ဘဲ ပြုံးပြုံးလေးနှင့်ပင်

"ဖေဖေကခွင့်ပြုလိုက်ပြီလား..."

"အွန်း.....နိုရာ့ကို ကတိနှစ်ခုတောင်းပြီးတော့ ခွင့်ပြုပေးလိုက်ပြီ..."

"အဟွန်း...အဲ့တော့ပျော်နေတယ်ပေါ့လေ...."

"အဟဲ မေမေကလဲ...ပျော်တာပေါ့လို့.."

"ကတိတွေက လွယ်လွယ်ပေးလိုက်ပြီးရင် လွယ်လွယ်ထားလိုက်လို့မရတာ သိတယ်မို့လား...။ဖောက်ဖျက်ရင် နိုရာ ကတိပေးပြီးရလာတဲ့အခွင့်အရေးက နောက်ထပ်ပြန်မရနိုင်ဘူး...၊လုံးဝ လက်လွှတ်လိုက်ရမယ်ဆိုတာကို ခေါင်းထဲမှာမြဲမြဲမှတ်ထားရမှာ..."

You are the only Exception!Donde viven las historias. Descúbrelo ahora