"လူဆိုးမလေး..."

"ဟီး ဟီး ဟီး..."

ထို့နောက် ဆတ်ခနဲပြန်ခွာကာ သူ့ကို ရွှန်းတောက်စွာကြည့်လာပြီးလျှင်

"ဒီနေ့ည အချိန်ဇယားဆွဲပြီးတာနဲ့ ဖေဖေ့ကို မနက်ဖြန်အပြီးအပ်မယ်နော်...။ပြီးတော့ နောက်ထပ် ဖေဖေမသိအောင် ဘာမှထပ်မလုပ်တော့ဘူးသိလား..."

သူက ပျော်ပျော်ကြီးကတိတွေပေးနေသော သမီးကိုကြည့်ကာ နဖူးလေးကိုဖွဖွနမ်းရင်း

"အဲ့ဒီကတိအပြင် နောက်ထပ်ကတိတစ်ခုလဲ ဖေဖေ့ကိုထပ်ပေးဦး..."

"ပေးမှာပေါ့..။ဖေဖေကြိုက်တာပြော..."

သူက ပါးလေးနှစ်ဖက်ကို သူ့လက္မနှင့်အသာအယာထိတွေ့ကာ

"ဘာပဲလုပ်လုပ် ထိခိုက်အနာတရဖြစ်အောင်၊အန္တရာယ်ဖြစ်အောင် မနေပါဘူးဆိုတဲ့ကတိ။သမီးကြိုက်တာလုပ်လို့ရတယ်...။ဒါပေမဲ့ တစ်စုံတစ်ရာထိခိုက်လာလို့တော့မရဘူး...။အန္တရာယ်များတဲ့နေရာတွေကို ဖေဖေမပါဘဲ ဘယ်တော့မှမသွားပါဘူးလို့ ကတိပေးရမယ်..."

သူ့စကားကို နိုရာက ချက်ချင်းပင် ခေါင်းကို ဆတ်ခနဲညိတ်လိုက်ရင်း

"လုံးဝပေးတယ်...။နိုရာက အသားနာရတာလုံးဝမကြိုက်ဘူး...။အဲ့လိုဖြစ်အောင် ဘယ်တော့မှမနေဘူး...။ဖေဖေ လုံးဝစိတ်ချထားလို့ရတယ်..."

"နိုရာ့ကို ဖေဖေယုံတယ်..."

"နိုရာကလဲ ဖေဖေ့ကိုအရမ်းချစ်တယ်...။ love you ..."

ပြောပြီး သူ့ပါးကိုဇွတ်အတင်းဖိကပ်နမ်းကာ

"ဖေဖေခွင့်ပြုလိုက်ပြီဆိုတာ မေမေ့ကိုသွားပြောလိုက်ဦးမယ်...။မေမေက နိုရာ့ကို ဖေဖေ့ခွင့်ပြုချက်ရမှ လုံးဝခွင့်ပြုပေးမယ်ပြောထားတာ...။အခုတော့ရသွားပြီ ဟဲဟဲ..."

စကားဆုံးလျှင် သူ့အပေါ်မှာထိုင်နေရာကဆင်းသွားကာ အမေဖြစ်သူရှိရာမီးဖိုခန်းဘက်ကို လှစ်ခနဲပြေးသွားလေသည်။သူက လည်ပြန်အောင်လိုက်ကြည့်နေမိရင်း နှုတ်ခမ်းတွေကတော့ ဆက်လက်ပြုံးထားမိဆဲပင်။ထိုကဲ့သို့ နိုရာထွက်သွားသည်နှင့် နေသန်ကအနားရောက်လာကာ သူ့ဘေးနားဝင်ထိုင်ပြီးလျှင်

You are the only Exception!Onde histórias criam vida. Descubra agora