"နိုရာက အဲ့လိုသွားရတာကို ပျော်နေတယ်ဆိုရင် ဖေဖေခွင့်ပြုပေးမယ်...။ဒီလိုကျောင်းပိတ်ရက်တွေမှာ သမီးလုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်..."

သူ့စကားရဲ့နောက္မှာ ပျော်ရွှင်သွားသောမျက်နှာလေးက ထိန်းမရအောင်ဝင်းလက်သွားရရင်း သူ့လည်ပင်းကိုသိုင်းဖက်ထားသည့်လက်ကလေးတွေကလည်း ပိုမိုတင်းကျပ်သွားလေသည်။

"ဒါပေမဲ့..."

သူက စူးစိုက်ကြည့်နေရာမှ အကြည့်မလွှဲသေးဘဲ ဆက်ပြောလိုက်သည်။

"ခွင့်ပြုပေးတယ်ဆိုတာ ခိုးလုပ်ခွင့်မပေးတော့ဘူးလို့ ဆိုလိုချင်တာပဲ...။နောက်ထပ် ဘယ်နေရာကိုမှ ဒီနေ့လိုမျိုး ဖေဖေမသိအောင် သွားခွင့်မရှိတော့ဘူး...။သမီး ဘယ်သွားမယ်၊ဘာလုပ်မယ်၊ဘယ်နေ့မှာဘာလုပ်ဖို့ရှိတယ် အဲ့လိုမျိုး သမီးရဲ့အချိန်ဇယားအားလုံးကို ဖေဖေသိနေမှဖြစ်မယ်...။ဖေဖေ့ကိုအကုန်ပြောပြရမယ်...။ဖေဖေပြောတာနားလည်လား..."

တစ်စက္ကန့်လောက်သာ တွေဝေသွားသောမျက်နှာလေးက ချက်ချင်းဆိုသလို ခေါင်းကိုဆက်တိုက်ညိတ်ပြလာသည်။ထိုအခါ မျက်နှာချင်းဆိုင်ကဆိုဖာမှာ စာဖတ်နေရင်း သူတို့စကားဝိုင်းကို အကဲခတ်နားထောင်နေသောနေသန်က သူ့ညီမကိုကြည့်ကာ နှုတ်ခမ်းထောင့်စွန်းလေးတွန့်၍ ယောင်ယောင်လေးပြုံးသည်။

"နောက်တစ်ပတ်မှာရော လေးညီဆီကနေ ကျိတ်ပြီးတော့ လက်ခံထားတဲ့လမ်းကြောင်းတွေ ရှိသေးလား..."

ထိုအမေးကြောင့် သွားလေးစိကာ သူ့ကိုကြည့်လာပြီးမှ မျက်လုံးလေးကိုထောင့်ကပ်၍

"နောက်တစ်ပတ်ရော...နောက်ထပ်တစ်ပတ်ရော....နောက်ထပ် နောက်ထပ် တစ်ပတ်ရော သုံးပတ်စာလောက်ရှိတယ်...ခိ"

ပြောပြီးသည်နှင့် သူ့လည်တိုင်ကြားထဲ ဝှစ်ခနဲတိုးဝင်ကာ တင်းကျပ်နေအောင်ဖက်ထားလျက်က တခိခိရယ်ရင်းကပ်ချွဲသည်။ထိုအခါ သူ့နှုတ်ခမ်းတို့က မနေနိုင်အောင် အားရပါးရတွန့်ကွေးကာ ပြုံးရယ်မိသွားရင်း တိုးကပ်နေသောခေါင်းလေးကို ပွေ့ဖက်နမ်းရှုပ်လိုက်ပြီး ရယ်သံစွက်စွက်နှင့်ပင်

You are the only Exception!Where stories live. Discover now