မပြောသေးဘဲ သူ့မျက်နှာကိုကြည့်နေပြန်သောကြောင့် သူက စကားထောက်ပေးလိုက်သည်။

"ပြီးတော့ ဘာဖြစ်လို့လဲ..."

ထိုအခါ သူမသည် နံနက်ခင်းတုန်းက နိုရာ့လိုမျက်နှာပေါက္မျိုးနှင့်ပင် သွားလေးတစ်ချက်စိပြပြီးမှ ဆက်ပြောလာသည်။

"သမီးမှာ သူထောင်ထားတဲ့အသင်းအဖွဲ့ရှိတယ်..."

"ဟမ်..."

မျက္မှောင်ကြုတ်ကာ နားမလည်သလိုမေးလိုက်သောသူ့ကို သူမက ရယ်ဟဟပြန်ကြည့်လာရင်း

"ဟုတ်တယ်...။ Youths for Your Dream ဆိုပြီးတော့ Website ထောင်ထားတာ...။အဖွဲ့ဝင်က လောလောဆယ် ဆယ့်ငါးယောက်လောက်ပဲရှိသေးတယ်...။သူတို့ကျောင်းက ကလေးတွေရော၊ကိုညီတို့ရွာရဲ့ ဓမ္မစကူးလ်ကျောင်းက ကလေးတွေရော အကုန်စုဖွဲ့ထားကြတာ...။ Founder က ကို့ရဲ့သမီးတဲ့ အဟွန်း..."

ပြောပြီး မနေနိုင်သလို တစ်ချက်ရယ်လိုက်သောသူမကို ကြည့်နေသည့်သူကတော့ အခုထက်ထိ တွန့်ချိုးထား‌ေသာမျက်ခုံးတွေက မပြေလျော့သေးပေ။

"အဲ့အဖွဲ့က ဘာအတွက်ဖွဲ့တာတဲ့လဲ..."

"ဟိုဘက်ရွာတွေက ကျောင်းတက်ဖို့အခက်အခဲဖြစ်နေတဲ့ ကလေးတွေအတွက်တဲ့...။ဒါပေမဲ့ အဝတ်အစားလိုရင် အဝတ်အစား၊အစားအသောက်လိုရင် အစားအသောက် လိုတာဝယ်ပေးလိုက်ကြတာပဲ...။ဘာအတွက်ရယ်လို့ ကန့်သတ်မထားဘူး...။အဓိကက ကျောင်းနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို လှူပေးနေကြတာ...။သူ Trekking လိုက်နေတာလဲ အဲ့ဒီအတွက်လိုက်နေတာပဲ..."

"နေပါဦး.....၊အဲ့ဒါဆို အခကြေးငွေနဲ့လိုက်နေတာလား..."

"ဟင့်အင်း...ဘယ်လောက်ဘယ်ရွေ့ ကြေးသတ်မှတ်ထားတာမျိုးမရှိဘူး...။ Join တဲ့ကလေးတွေရဲ့မိဘတွေကို သူက Youths for Your Dream အကြောင်း အရင်ရှင်းပြထားတာ...။သူ ဘာအတွက်လုပ်နေပါတယ်ဆိုတာကို သိအောင်ပြောပြပြီးမှ မိဘတွေသဘောအတိုင်း စေတနာရှိသလောက်ပေးရုံပဲ...။များသောအားဖြင့် တတ်နိုင်တဲ့မိဘတွေဆိုတော့ များများစားစားလှူပေးကြတယ်...။အဲ့တော့ တစ်ခေါက်ဆိုတစ်ခေါက် နိုရာ့ Trekking က ပိုက်ဆံဝင်နေတာပဲ...။ကို့သမီးကလဲ ရသမျှလှူနေတာပဲ..."

You are the only Exception!Where stories live. Discover now