ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)

Start from the beginning
                                    

အိမ်နောက်ဖေးမီးဖိုချောင်မှာတော့ ဂျရယ်မိုင်ရာက ဝယ်လာသော ဟင်းချက်စရာများကို မွန်ဒီနှင့်အတူ ချက်ပြုတ်ရန်ပြင်ဆင်နေခဲ့ကြသည်။ စပ်စုစိန်မွန် ဒီတစ်ယောက်လည်း ကြိုးစားပမ်းစားဖြင့် ဟင်းချက်သင်ယူနေပြီး ဟင်းလျာအရသာများကို မြည်းစမ်းဖို့ အလွန်စိတ်အားထက်သန်နေခဲ့သည်။

ခဏအကြာမှာတော့ ဂျရယ်မိုင်ရာက မီးဖိုချောင်ထဲကနေ ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။

" အဖေကြီးတို့...ကျွန်တော့်နောက်ကို ဘယ်လိုခြေရာခံလိုက်လာကြတာလဲ "

ဂျရယ်မိုင်ရာကနေ လှမ်းမေးလိုက်သောအခါ ဒေါမနစ်က ဖြေဖို့ပြင်သည်။

" ငါးမြွေထိုးကောင်၊ ခုမှလာပြီး ဘယ်လိုရှာတွေ့လဲနဲ့။ မင်းကို လွန်ခဲ့တဲ့အပတ်တွေထဲက အကုန်လုံးပတ်ရှာနေကြတာ။ မနေ့တနေ့က မင်းအဘိုးနဲ့ သူ့တပည့်တွေ ဆိုင်တစ်ဆိုင်ထဲက ထွက်လာတဲ့ မင်းကိုတွေ့လိုက်ကြလို့သာ မင်းပုန်းနေတာ ဒီနေရာမှန်းသိတာ "

" ဪ... "

" ဘာ ဪလဲ။ လက်သီးနဲ့ ပိတ်ထိုးလိုက်လို့ သေအုံးမယ်...အိမ်ပေါ်ကဆင်းသွားပြီး ဂြိုဟ်အတောင့်လိုက် မွှေထားတဲ့ကောင် ... မင်းရဲ့ teleport လမ်းကြောင်းကိုလည်း ငါတို့ သေချာရှင်းရှင်းလင်းလင်း ခြေရာခံလို့မရအောင်လုပ်ထားသေးတယ်"

ဒေါမနစ်က ဒေါသတကြီးဖြင့် ပြောနေသော်လည်း ဂျရယ်မိုင်ရာက တည်တည်ငြိမ်ငြိမ်လေးဖြင့် မခုတ်တတ်သည့်ကြောင်တစ်ကောင်လို နေခဲ့၏။ ဖအေလုပ်သူက စိတ်တိုတိုဖြင့် ဆူပူနေသေလောက် သားဖြစ်သူမှာ ဘာမှမဖြစ်သလို နေနိုင်လွန်းသဖြင့် ဒေါမနစ်လည်း ဤကဲ့သို့အေးဆေးနေနိုင်လွန်းသော ဂျရယ်မိုင်ရာကို ပိုကြည့်မရလာသဖြင့် အော်လိုက်​၏။

" မင်း ငါ့အသံကို ကြားရော ကြားရဲ့လား ဂျရယ်မိုင်ရာ "

" အင်း ကြားတယ်လေ "

" ဒါဆို ပြန်ဖြေလေကွ "

" ဘာဖြေရမှာတုန်း "

" ဟာ...မင်း ဟိုခွေးနဂါးကောင်တွေဆီ သွားမွှေထားတဲ့ ကိစ္စပေါ့။ ဒင်းတို့ ဗိုလ်ချုပ် ခရစ်စတိုဖာဆိုတဲ့ကောင်နဲ့ သွားဇယားရူပ်ထားခဲ့တာလေ "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now