ထိုအကြောင်းကိုတွေးလိုက်သည်နှင့်
ယောင်းယီသူ၏မျက်တစ်ပြင်လုံးတွင်
စိတ်ရှုပ်နေသည့်အမူအရာဖြင့်
အောက်နှုတ်ခမ်းကိုကိုက်လိုက်မိသည်။
ထို့နောက်မျက်လုံးထောင့်မှတဆင့်
သူ၏ဘေးတွင်ရပ်နေသောအန်းလင်၏
အရိပ်မည်းကိုတစ်ချက်ရှိုးလိုက်သည်။

အန်းလင်၏စိတ်ရင်းအတိုင်းစစ်မှန်သည့်
ချစ်ခြင်းမေတ္တာအတွက်သူအရမ်းအရမ်းကို
စိတ်မကောင်းဖြစ်ရပြီးအားနာရပါသော်လည်း
သူ့ဆီတွင်လည်းထွက်ကိုထွက်ပြေးရမည့်
အကြောင်းအရင်းများစွာရှိနေသည်။

ဘယ်လိုလုပ်ပြီးသေပြီးသားလူနှင့်
ရှင်ပြီးသားလူ,နှစ်ယောက်ကအတူတူ
ရှိနေနိုင်မှာလဲ?

ဘဝခြားနေကြပြီလေ။

ဒါ့အပြင်တစ်နေ့နေ့တစ်ချိန်ချိန်
အန်းလင်၏ထိန်းချုပ်နိုင်စွမ်းများ
လျှော့နည်းလာသည့်အခါ
အငြိုးတေးများ၏ဖုံးလွှမ်းမှုကို
ခံလိုက်ရပါက,သူ့ကိုတစ်ကိုက်တည်း
မြိုချစားမသောက်ပါဘူးဟုအာမခံ
ချက်လည်းရှိမနေပေ....

ဘာကိုခံစားချက်လဲ အာ,
ဘာကိုအချစ်လဲ အာ,
အငြိုးတေးဝိဉာဉ်တစ်ကောင်က
လူသားတွေကိုစားသောက်ချင်နေတဲ့
အာသီသကိုထာဝရထိန်းချုပ်
ထားနိုင်ဖို့ဆိုတာဖြစ်ရောဖြစ်နိုင်ပါ့မလား?!

ယခုလက်ရှိခေတ်ကာလတွင်,
လူငယ်များအကြား
လူနှင့်သရဲကြားမှပေါက်ဖွားလာသည့်
ထာဝရမသေဆုံးနိုင်သောအချစ်ဆိုတာနှင့်
ပတ်သတ်၍အချစ်ဝတ္ထုများစွာမှိုလိုပေါက်
ပေါ်ပေါက်လာသော်လည်း,ယောင်းယီကတော့
ထိုဝတ္ထုများထဲကအတိုင်းအပြင်လောကတွင်
တကယ်လာနိုင်မည်ဟုတစက်လေးတောင်မှ
မယုံကြည်ပေ။ထို့အပြင်ယခုလိုပုံပျက်ပန်းပျက်
သရဲတွေဖြင့်ပြည့်နှက်နေသည့်ဆေးရုံကြီးထဲ
မှာဘဲသူ၏ဘဝတစ်လျှောက်လုံးကိုကုန်ဆုံးသွား
နိုင်စရာအကြောင်းအရင်းလည်းမရှိပေ။

ဒင်—

ပထမထပ်ကိုရောက်သည်နှင့်,
ဓာတ်လှေကားတံခါးသည်
ဖြည်းညင်းစွာဖွင့်ဟသွားခဲ့ပြီး,
မရေမတွက်နိုင်လောက်အောင်ကို
များပြားလှသောသရဲများစွာတို့သည်
အမှောင်ထုထဲသို့ဒီရေကျဆင်းသွားသည့်
အလားတိတ်တဆိတ်စွာ
တိုးရှိုးဝင်ရောက်သွားပြီး
ပုန်းအောင်းနေကြသည်။
သူတို့သည်သရဲဘုရင်၏
ကိုယ်ရှိန်ကိုယ်ဝါကို
ခံစားမိသည့်အတွက်,ဇိုးဇိုးဇက်ဇက်
တိုးဝင်ကာအရမ်းကာရော
မလုပ်ဆောင်ရဲပေ။

ယောင်းယီသည်ဓာတ်လှေကားထဲမှ
ထွက်လိုက်သည်နှင့်,
ဓာတ်လှေကားနေရာနှင့်
သိပ်မဝေးကွာလှသည့်
နေရာတွင်ရှိနေသည့်
ဆေးရုံ၏အဓိကမိန်းဝင်ပေါက်ကြီးကို
မသိမသာလှမ်းကြည့်လိုက်သည်။
တံခါးအပြင်မထွက်ခင်ခါတိုင်းလိုဘဲ
ပိတ်ဆီးမှောင်မဲနေသည့်အမှောင်ထုကြီးကိုသာ
မြင်လိုက်ရသည့်အခါ,ယောင်းယီသည်
ဘေ့စ်ဘောဦးထုပ်နှင့်ဟူဒီကိုကော်ရစ်တာ
လမ်းတစ်လျှောက်အဝေးကွာဆုံးသော
ချောင်ထဲတွင်ရှိနေသည့်စတိုခန်းဆီသို့
ဦးဆောင်ကာလမ်းညွှန်ပြသလိုက်တော့သည်။

Phew !  သူစိတ်ရှည်ဖို့လိုအပ်သည်။မနက်၆နာရီ
ထိုးသည့်အခါအပြင်ဘက်၌လင်းလာနိုင်မလား
ဆိုတာကိုစောင့်ကြည့်ရမည်ဖြစ်သည်။

ယောင်းယီသည်လုံးဝနောက်ကို
ပြန်လှည့်မကြည့်ဘဲ,သူ၏လမ်းကြောင်းကို
စတိုခန်းဆီသို့သာတစိုက်မတ်မတ်
ဦးတည်လျှောက်သွားခဲ့သည်။
ထို့ကြောင့်သူ၏အနောက်မှနီးကပ်စွာလိုက်ပါ
လာသည့်အရပ်မြင့်မြင့်အရိပ်မည်းသည်,
ခုနလေးတင်ယောင်းယီအထူးစပယ်ရှယ်
အာရုံစိုက်ခဲ့သည့်မိန်းဝင်ပေါက်ဆီသို့
ပြန်လျှောက်သွားပြီး,တံခါးအပြင်ဘက်မှ
အဆုံးမရှိမှောင်မဲနေသည့်အမှောင်ထုကြီးကို
ငေးကြည့်နေသည်ဆိုတာကိုယောင်းယီ
လုံးဝသတိမထားမိလိုက်ပေ။

နေသည်ဘယ်သောအခါမှ
ထွက်လာနိုင်မည်မဟုတ်ပေ...
သို့သော်,....သူ၏ဒေါက်တာယောင်းသည်
နေထွက်လာတာကိုကြည့်ဖို့ရန်ဆန္ဒရှိနေသည်....

အန်းလင်သည်သူ၏ခေါင်းကို
ငဲ့စောင်းရင်း,ဆေးရုံအပြင်ဘက်တွင်
ပရမ်းပတာဖရိုဖရဲဖြစ်နေသည့်
ဝိဉာဉ်အစုအဝေးကြီးနှင့်မကောင်းဆိုးဝါများစွာ
တို့ကိုစိုက်ကြည့်လိုက်ပြီး,သူ၏မျက်လုံးများထဲ၌
မှိန်ဖျော့သည့်အလင်းရောင်တစ်ခုဖြတ်ပြေး
သွားသည်။

Whoosh—

အမှောင်ထုထဲတွင်,
ဘယ်ကနေရောက်လာမှန်း
မသိသောလေပွေကြီးသည်
မရေမတွက်နိုင်သော
ဝိဉာဉ်များစွာနှင့်မကောင်းဆိုးများအား
တစ်စုတစ်စည်းတည်းစုဝေးတိုက်ခတ်ကာ
အမည်းရောင်ပြာမှုန့်များအဖြစ်သို့
ကူးပြောင်းသွားစေပြီး,ဆေးရုံအပြင်ဘက်ရှိ
ရာသက်ပန်မှောင်မဲနေသည့်
ညအမှောင်ထုကြီးထဲမှလွင့်ပါး
ပျောက်ကွယ်သွားစေခဲ့သည်။

ရှပ်—

ရှပ်—

ထို့နောက်အရပ်မြင့်မြင့်အရိပ်မည်းသည်
နောက်သို့ပြန်လှည့်လိုက်ပြီး,
ကော်ရစ်တာ၏အနက်ရှိုင်းဆုံးထဲသို့
တိုးဝင်ကာဝင်ရောက်
ပျောက်ကွယ်သွားတော့သည်။








thoughts of tofu:
အန်းလင်ဘာတွေများကြံစည်နေပါလိမ့်?


သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now