"လည်နေတဲ့ ကမ္ဘာနှစ်ခု"

Start from the beginning
                                    

"နင်လာပြီဆိုတော့ ငါသွားတော့မယ်" ယူအာက ထွက်သွားဖို့ ပြင်လိုက်တယ်

CTကြည့်နေတဲ့ ဂျီဝူက ယူအာလက်ကိုဖတ်ခနဲ လှမ်းဖမ်းလိုက်တယ်" လူနာက အဆုတ် သွေးကြော တခုပေါက်နေတယ်"

"ဘာ!!" ယူအာက ချက်ချင်းပြန်လှည့်လာရင်း screenကိုကြည့်လိုက်တယ်

ဂျီဝူက ဖြစ်နေတဲ့နေရာကို ဝိုက်ပြလိုက်ရင်း "အ့မှာ"

"ဘယ်လိုဖြစ်နိုင်မှာလဲ ထိုးခံရတဲ့နေရာက ဝမ်းဗိုက်လေ အဆုတ်သွေးကြောထိ "

"အစာအိမ်ပြဲသွားလို့ ငါကချုပ်ရမယ် နင်က အဆုတ်သွေးကြောကို ပြန်ချုပ်ရမယ် nurse ခွဲစိတ်ခန်း အသင့်ပြင်ပေးပါ"

"ဟုတ်ကဲ့ဆရာ"

"မဟုတ်ဖူးလေ ငါကကျွမ်းကျင်လည်းမဟုတ်ပဲနဲ့ ဘယ်လိုချုပ် အခြား CS...." ယူအာက စကားစလိုက်လေသည်။

"အကုန် အလုပ်များနေတာမမြင်ဖူးလား ငါတို့အလုပ်က လူကယ်ဖို့ မဟုတ်ဖူးလား? မလုပ်နိုင်တာလား မလုပ်ချင်တာလား မလုပ်နိုင်တာဆို အခုပြော ငါကအခြားတယောက်ရှာလိုက်မယ်"

"လုပ် လုပ် ပါ မယ် ခဏ အချိန်ပေး"

"၅မိနစ်ရမယ် "

ယူအာ က အဝတ်လဲခန်းထဲကို ဝင်လာကာ ခွဲစိတ်အဝတ်အစား လဲလိုက်တယ် သူမ lockerကို ဖွင့်လိုက်တယ် ရှုပ်ရှက်ခတ်နေတဲ့ ဆေးပုလင်းတွေ ကြားထဲက တခုခုကို ရှာလိုက်တယ် ဆေးတပုလင်းကို ယူလိုက်တယ်။

"CS က မလာသေးဖူးလား?"

"ခေါ်ထားပေမယ့် မရောက်လာသေးပါဖူး နောက်ထပ်တcallခေါ်လိုက်ပါ့မယ်"

"ထားလိုက်တော့ မလာရင် ငါလုပ်..."

ယူအာက ခွဲစိတ်ခန်းထဲဝင်လာလေသည် "ဘယ်သူကမလာဖူးပြောလို့လဲ?"

ဂျီဝူကို တွန်းလိုက်ရင်း သူမကနေရာဝင်ယူလိုက်တယ် "GSအလုပ်ပြီး"မလား?"

ဂျီဝူက သူမရဲ့မျက်နှာချင်းဆိုင်ဖက်မှာ သွားရပ်လိုက်ရင်း" မင်းအလုပ်လုပ်လို့ရပြီ"

"ဓား"

Nurseက ဓားပေးလိုက်ပါတယ် သူမက အဆုတ်ရှိတဲ့နေရာကို စတင်ခွဲလေသည်။

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now