" အင်းပေါ့ ကိုယ်လဲ ကိုယ်မရောက်ဖူးတဲ့နေရာရောက်ပြီး အသစ်အဆန်းတွေတွေ့ရရင် အဲ့လိုဖြစ်မှာပဲ "
" ဒါနဲ့ ကိုကိုး အသက်က အခုပဲ ၃၀ ဖြစ်နေပြီ ဒီအရုပ်ကဘာလုပ်တာလဲ "
ကျွန်တော်ကိုင်ထားတဲ့အရုပ်ကို မြှောက်ပြီးမေးတော့ ကိုကိုးကတစ်ချက်လှမ်းကြည့်ပြီး
" အဲ့အရုပ်လေးကို ကိုယ် ဂျစ်တူး အဖြစ်နဲ့ အတူတူရှိစေခဲ့တာ "
" အာ !!!!! အဲ့လောက်တောင် ချစ်တယ်ပေါ့ "
" အဲ့ထက်ပိုပါတယ် "
" ဟုတ်ပါပြီဗျာ "
အသံတွေ ခဏတိတ်သွားပြီး ကိုကိုးကလဲစာရေးနေသလို ကျွန်တော်လဲ ကုတင်ပေါ်မှာပဲ အရုပ်လေးကိုင်ပြီး ထိုင်စောင့်နေရတယ် ။
" သီချင်းဖွင့်လို့ရလား ကိုကိုး "
" အင်း ရတယ် ဖွင့်လေ "
" ကျွန်တော်အခုတစ်လော ဒီသီချင်းကို နားထောင်ဖြစ်နေတာ ကိုကိုရော သိလား ဒီသီချင်း "
ဂျစ်တူးဖုန်းထဲက ပျံ့လွင့်လာတဲ့သီချင်းသံက
Don't go tonight
Stay here one more time
Remind me what it's like, oh
And let's fall in love one more time
I need you now by my side
It tears me up when you turn me down
I'm begging please, just stick aroundကိုကိုးက ကျွန်တော့်မျက်နှာနဲ့တည့်တည့်သို့ လှည့်လိုက်ပြီးမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကာ အသံတိုးတိုးလေးနဲ့
I'm sorry, don't leave me, I want you here with me
I know that your love is gone
I can't breathe, I'm so weak, I know this isn't easy
Don't tell me that your love is gone
That your love is gone" ဝိုး ဂျစ်တူးအသံက မိုက်လိုက်တာ "
" မြှောက်ပြောနေလဲ ကျွန်တော်က အပေါ်ကနော် "
" ဒီကလေးကတော့ .... "
ကိုကိုးက လက်ထဲက ဘောလ်ပင်နဲ့ ပစ်ပေါက်ပါလာရော ။
" ဟုတ်တယ်လေ လာမြှောက်နေတာကို "
" တကယ်ပြောနေတာ ဂျစ်တူး သီချင်းဆိုတာ ရွာထဲမှာ မူးပြီး လမ်းလျှောက်လာတဲ့အချိန်ရယ် ကလောသွားတုန်းက လမ်းမှာ တောသီချင်းဆိုတာရယ် ပဲကြားဖူးတာလေ "
မဟာ ပြောပြီးမှ ဂျစ်တူးကို ကြည့်မိတော့ မျက်နှာလေးညှိုးသွားသည် ။ ရွာအကြောင်းပြောလိုက်တော့ သူ စိတ်ထိခိုက်သွားတယ်ထင် ။ ဂျစ်တူးရယ် ဘာတွေလုပ်နေမှန်းမသိပေမယ့် အဘနဲ့အမ ကိုတော့ သွားတွေ့သင့်တာမဟုတ်ဘူးလား ။
အပိုင်း ၃၉ / အပိုင္း ၃၉
Start from the beginning