အပိုင်း ၃၉ / အပိုင္း ၃၉

Start from the beginning
                                    

" ဂျစ်တူး "

" ဗျာ "

" ခုနကိုယ်ပြောတာကို စိတ် မ ခု ဘူးမလား "

" ဘာကိုလဲ ကိုကိုးရဲ့ "

" တင်မောင်ထွန်းညိုပဲ‌ဖြစ်စေချင်တယ်ဆိုတာလေ "

မဟာ ပြောပြီးတာနဲ့ ခေါင်းတွေထောင်ကာ ဂျစ်တူးနားရွက်ကို ခပ်ဖွဖွလေး ငုံခဲမိသည် ။

" ကိုကိုး ကျွန်တော်ပန်းကန်ဆေးနေတုန်းနော် အစာမခြေရသေးခင် ခန္ဓာကိုယ်ကို အလုပ်မပေးချင်သေးဘူး "

" ဘာကိုလဲ ဂျစ်တူးရဲ့ "

" ခန္ဓာကိုယ်ကို အလုပ်ပေးတာလေ မသိဘူးလား "

" အာ.... ညစ်ပတ်ကောင် အစုတ်ပလုပ် "

ကိုကိုးကအော်ပြီး အရှေ့ကို ထွက်သွားပါလေရော ။ ကျွန်တော့်ကိုကိုးက အရင်ထဲက ရှက်တတ်တာလား အခုမှ ရှက်တတ်တာလားမသိတော့ပေ ။

အိမ်ရှေ့ဧည့်ခန်းမီးတွေသေချာစစ်ပြီး အခန်းထဲဝင်လာတော့ ကိုကိုးက စာကြည့်စားပွဲမှာ စာအုပ်အထူကြီးတစ်အုပ်နဲ့အလုပ်ရှုပ်နေလေရဲ့ ။ ကျွန်တော်လဲဘာမှမပြောဘဲ ‌ကုတင်ပေါ်တက်ပြီး ကုတင်ခေါင်းရင်းဘက်ကိုမှီကာ ခြေထောက်ဆင်းပြီး ထိုင်နေလိုက်တယ် ။ ကိုကိုးက ကျွန်တော့်ကိုတစ်ချက်လေးတောင် လှမ်းမကြည့်တာကြောင့် ကိုကိုးအိပ်ရာပေါ်က အရုပ်ဖြူဖြူလေးကို ဖက်ပြီး မွေ့ယာပေါ် မတ်တပ်ရပ်ပြီး ခုန်ဆွ ခုန်ဆွလုပ်နေလိုက်တော့မှ

" ဂျစ်တူး ဘာလုပ်နေတာလဲ "

" ကိုကိုးက ကျွန်တော့်ကိုမှ မကြည့်တာ "

" ဪ ခဏလေးပါ ခုန ဂျူနီယာတစ်ယောက်က စာလာမေးနေတာနဲ့ note လေးလုပ်ပေးမလို့ "

" ဒီတိုင်း ဆက် ခုန်နေရမှာလား "

" ခုန်နေပေါ့ အရင်ကလဲ အဲ့လိုခုန်နေတာပဲမလား မွေ့ယာကိုသဘောကျတယ်ဆိုပြီးတော့ "

" ဟုတ်တယ်နော် "

မခုန်တော့ဘဲ ကုတင်ပေါ်မှာ ပြန်မှီပြီးထိုင်ကာ ကိုကိုးအရုပ်လေးကို ကြည့်နေမိသည် ။

" ကိုကိုး ကျွန်တော်အရင်တုန်းကဆို ရန်ကုန်မှာတွေ့သမျှက အထူးအဆန်းကြီးပဲ "

အထွန်း / အထြန္း ( Completed )Where stories live. Discover now