အပိုင်း(၆)

Start from the beginning
                                    

မြင်းလှည်းပေါ်ကဆင်းပြီး လိုက်ဆွဲရပြန်သည်။ ဒီနေ့တစ်နေ့တည်းနဲ့တင် ပြေးသူSkyနဲ့ လိုက်ဆွဲသူရေညိုရစ်တို့ နှစ်ကြိမ်တိတိ ပုံပြင်ဇာတ်ညွှန်းထိုင်ရေးနေကြ၏။

"ကိုအညိုမအားဘူးဆို၊ ကျွန်တော်ဟိုတယ်ပြန်ပြီ"

"ကိုယ့်လူ...ကိုယ့်လူပဲဟိုတယ်ပြန်ချင်ပါတယ်ဆိုလို့ ကျုပ်ဟိုတယ်ရှေ့ချခဲ့ပေးပြီးပြီလေ၊ အခုဘာပြုလို့ ဒီပြန်ရောက်လာတာတုန်း"

ရေညိုရစ်က မျက်လုံးလေးဝိုင်းလျက်မေးသည်။ မနက်က ငရုတ်သီးမှုန့်စပ်နေတဲ့သူ့ကို ရေနွေးပူပူတိုက်မိလို့ လုပ်ကြံပါတယ်ဆိုပြီး အထောက်အထားမဲ့စွပ်စွဲခဲ့ပြီးပြီ။ ဒေါသကြီးစွာထွက်သွားတဲ့သူ့ကို အနောက်ကနေလိုက်ဆွဲကာ တောင်းပန်ချော့ပြောခဲ့ရပြီးပြီ။ ဘယ်မှမသွားချင်တော့ဘူးဆိုလို့ ဟိုတယ်ရှေ့မှာပြန်ချခဲ့ပေးပြီးပြီ။ အခု ရုတ်တရက်ကြီး ရေညိုရစ်အနားပြန်ရောက်လာပြန်သည်။

"နေ့လည်စာလေ...ကျွန်တော်ပြောဖူးသားပဲ၊ ဟိုတယ်မှာအိပ်ဖို့အတွက်ပဲပိုက်ဆံပေးထားတယ်ဆိုတာ"

"ဒါဆို ဗိုက်ဆာလို့ပေါ့"

"အင်း၊ ပျင်းလို့လည်းပါတယ်၊ ဟိုတယ်မှာကျွန်တော်လုပ်စရာမှမရှိတာ၊ ကိုအညို့ကိုပဲအားကိုးရမှာပဲ"

ရေညိုရစ်က မသိမသာပြုံးမိပါသည်။ Skyက ဘုရားရှေ့ကဈေးသည်များကိုငေးလျက် စိမ်းစိုနေသောပါးမြိုင်းမွှေးများကို တယုတယပွတ်သက်နေသည်။

"ဒီလိုဆို မနက်ကလိုထွက်မပြေးပါနဲ့"

"ဒါကတော့ ကိုအညိုကကျွန်တော့်ကိုလုပ်ကြံတာကိုး"

"ပြောပြန်ပလားကိုယ့်လူ၊ အဲ့ဒီလုပ်ကြံတယ်ဆိုတာ ဘယ်အတိုင်းအတာထိဆိုးတဲ့စကားလဲ ကိုယ့်လူရိပ်စားမိရဲ့လား"

Skyက ပုခုံးပင့်ကာ ရေညိုရစ်ကိုစိုက်ကြည့်သည်။

"ဒီမှာကိုယ့်လူ...ကျုပ်ဖြင့် ကိုယ့်လူကိုလုပ်ကြံချင်မှတော့ ပုဂံမြို့သစ်ထဲမယ် လှည်းပေါ်ကတွန်းချပြီးရော့၊ ရေနွေးပူတိုက်ဖို့မလိုဘူး..."

ရေညိုရစ်ရဲ့ဖြေရှင်းချက်ကြောင့် Skyခွက်ထိုးခွက်လန်မကရယ်မိပါတော့သည်။ ရယ်သံက တစ်စတစ်စနဲ့ ကျယ်လာတော့ အနီးအနားကဈေးသည်တွေကတောင် ဆန်းသည့်နှယ်ကြည့်ကြသည်။

ရွှေညာမြေမှနှစ်ပါးသွားOn viuen les histories. Descobreix ara