"နိဒန်း"

2.3K 60 0
                                    

ဇာတ်လမ်းမစခင်မှာ ရောမယ်ထင်တဲ့ဟာတချို့ရှင်းပြပါမယ် စာရေးသူက ဒီficရေးဖို့ ဆေးပညာအကြောင်း တတ်နိုင်သလောက် လေ့လာခဲ့ပါတယ် အမှားပါခဲ့ရင်လည်း ကြိုတောင်းပန်ပါတယ်🙏

-(GS= general surgeon esophagus;stomach;small intestine; large intestine; liver; pancreas;gall bladder; appendix; bile ducts etc ) မြန်မာလိုဆို GSက အထွေထွေဆရာဝန်ပါ

-(CS=Cardiothoracic surgeon
Heart;lungs;esophagus and other orgen within the chest under this category) CSကျ cardioဆရာဝန်လို့ လူသိများပြီး နှလုံးအဆုတ် အ့လိုအပိုင်းတွေ တာဝန်ယူရတဲ့ ခွဲစိတ်ဆရာဝန်ပါ

"အလုပ်သင် "

အ့တာ ကျွန်မကိုခေါ်တာပါ ဆေးကျောင်း၄နှစ် လက်ရှိ Sမြို့ပင်မဆေးရုံမှာ အလုပ်"နေတဲ့ အလုပ်သင် ဂျောင်ယူအာပါ။

"ဟုတ်ကဲ့ လာပါပြီ" သူမက ကောင်တာမှာ လူနာစာရင်း မေးနေရာကနေ ပြေးထွက်လာလေသည်။

"ဘာလို့ကြာနေတာလဲ?" သူက ကျွန်မကိုမေးပါတယ်

"အခုရောက်လာတဲ့ လူနာစာရင်းကြည့်နေတာပါ ဆရာ" ခပ်မြန်"ဖြေလိုက်မိလေသည်။

ဒီနေရာက ဆေးရုံအရေးပေါ်ဠာန 24နာရီ အပြည့်မအားမလပ် ပိတ်ရက်ဆိုလည်း ဂျူတီကျနေတတ်တဲ့ ဠာန ကျွန်မက ဘာလို့ ဒီနေရာလာလုပ်နေတာလဲဆိုတော့ အဖြေက

"ဟုတ်ပြီ ဒီလူကို x-rayရိုက်ပေးပါ အရိုးကျိူးသွားတယ်ထင်တယ်" သူက ခပ်မြန်"ပြောပြီး လူနာဗိုက်အား ထောက်ကြည့်လေသည်။

"အား အား ဆရာ နာတယ် "

"နံရိုးကျိုးသွားတယ်ထင်တယ် X-rayရိုက်ပြီးရင် သိရမှာပါ လူနာ" သူကအပြုံးချို"နဲ့ ပြောလေသည်။

"ဆရာမ ဆရာမ" nurseမက ခေါ်နေလေသည်။

ငေးကြည့်မိတာ အကုန်မိကုန်ပြီထင်တယ် သူပါကျွန်မကို ကြည့်လာလေသည် "ဟုတ်ကဲ့ "

သူက ကျွန်မကို ဘာမှမပြောကြည့်နေလေသည်။

"အား x-ray တောင်းပန်ပါတယ် miss:cha လူနာကို x-rayရိုက်ဖို့ ပြင်ပေးထားပါ"

"ဟုတ်ကဲ့ ဆရာမ"

ထုံးစံအတိုင်း သူက မျက်မှန်ကို အပေါ်ပင့်တင်လိုက်ရင်း ကျွန်မတို့ကို ကြည့်နေလေသည် ကျွန်မလည်း ဆက်ကြာ"မနေချင်တော့ မြန်"ထွက်လာခဲ့လေသည်။

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"On viuen les histories. Descobreix ara