"အဲ့ဒါ ဆရာဂျောင်ဂုနဲ့တွဲနေတဲ့ ထယ်ယောင်းလေ"

လူရှေ့မှာတင် ပေါ်တင် အတင်းတုတ်နေကြတဲ့ သုံးယောက်ကို ကြည့်ကာ စိတ်ရှုပ်လာတာနဲ့ ထယ်ယောင်းလှည့်ထွက်လာသော်လည်း ထိုသုံးယောက်က ထယ်ယောင်းရှေ့ကနေ တစ်ဖန် ပိတ်ရပ်လိုက်သည်။

"နေပါဦး ကောင်လေးရ၊ ပြောစရာရှိတယ်လေကွာ"

"မင်းက တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့ တမ်းတမ်းစွဲ ဆရာကို ရအောင်ယူပြီး အခုယောက်ျားလေးတိုင်း သဘောကျရတဲ့ ယဲဂျင်းကိုပါ ရအောင်ယူမလို့လား"

"ဗျာ ဘာ..ဘာတွေ ပြော"

ထယ်ယောင်းက မျက်လုံးအဝိုင်းသားသာ ဖြစ်နေပြီး ဘာမှပြန်မပြောမိ။ ပါးစပ်က စကားတစ်ခွန်းမှ ထွက်မလာ။

ထယ်ယောင်းပုံစံကို ကြည့်ကာ အရှေ့ကသုံးယောက်က တဟားဟားရယ်ကြသည်။

"အပြစ်ရှိတဲ့သူက စကားထစ်ပြီး ကြောက်လန့်တတ်တယ်တဲ့ ငါတို့ ပညာလေး နဲနဲပြလိုက်ရမလား"

အလယ်က တစ်ယောက်က ထိုသို့ဆိုတော့ ဘေးကနှစ်ယောက်ကလည်း မဆိုင်းမတွဘဲ ထယ်ယောင်းကို တစ်ဖက်တစ်ချက်စီ ချုပ်လိုက်ကြသည်။

"ဘာ.. ဘာလုပ်မလို့လဲ၊ လွှတ်"

ထယ်ယောင်း အားကုန်ရုန်းပါသော်လည်း နှစ်ယောက်အားကို မယှဉ်နိုင်ရှာ။ ဘယ်လောက်ရုန်းရုန်း ဘေးက နှစ်ယောက်က အပြုံးမပျက်။ နောက်ဆုံး မောဟိုက်သွားပါသော ထယ်ယောင်းကိုကြည့်ကာ ရယ်ကြပြန်သည်။

"ဒီလောက်တောင် အရည်အချင်းမရှိတာ ဘာလို့ ဆရာဂျောင်ဂုက ကြိုက်လဲမသိဘူး၊ ကြည့်ရတာတော့ ကုတင်ပေါ်မှာ ကောင်းကောင်းလုပ်ပြလို့ထင်တယ်၊ အဲ့ဒါကြောင့် ဆရာဂျောင်ဂု အရမ်းကြိုက်သွားတာနေမှာ ဟားဟား"

ထိုသူစကားကြောင့် ထယ်ယောင်းရဲ့ ‌ဒေါသတွေကထောင်းခနဲ။ သူ့ကိုပါမက ဂျောင်ဂုကိုပါ စော်ကားနေတော့ သည်းမခံနိုင်တော့။

လက်နှစ်ဖက်ချုပ်ထားပေမဲ့ ခြေထောက်က လွတ်နေသေးတာကြောင့် အရှေ့ကလူရဲ့ ပေါင်ခွကြားထဲကို ခြေထောက်တစ်ဖက်နဲ့ အရှိန်ပြင်းပြင်းကန်ထည့်လိုက်ရာ

Meet Me In Your Future [Completed]Where stories live. Discover now