🍁2🍁

8.6K 1.1K 33
                                    

(Unicode)

"ငွေရတာ တော်တော်လွယ်တာပဲ"

လက်ထဲက ငွေဒင်္ဂါးပြား အထပ်လိုက်များကို ရေနေရင်း ဂျောင်ဂုတစ်ယောက်ထဲ ရေရွတ်နေသည်။ ဂျွန်ဂျောင်ဂု ဘယ်လောက်အောင်မြင်လဲဆိုရင် တရုတ်ဘုရင်ကပါ‌ ကျောက်စိမ်းတွေအများကြီးကို ငွေအမြောက်အမြားပေးကာ ဝယ်သွားသည်လေ။ ဘဲ့ဂျယ်ဘုရင်ရဲ့ မိတ်ဆက်ပေးမှု‌ကြောင့်လည်းပါတာမို့ ဂျောင်ဂုလည်း အမြတ်ထဲက ရွှေစငွေစများကို အဝတ်နဲ့ သေချာပတ်ကာ ဘုရင်အားဆက်သရန် နန်းတွင်းထဲသို့ဝင်လာခဲ့သည်။

နန်းတော်ထဲမဝင်မှီ နန်းတွင်းထဲမှာပင်ရှိသေး ‌ဘယ်လောက်တောင် တိုက်ဆိုင်သလဲ။ ဟိုနေ့က ‌ကောင်လေး ကင်ထယ်ယောင်းကို တွေ့ပြန်သည်။ အရင်နေ့ကလောက် ပေတိပေစုတ်လေး မဟုတ်တော့ပါ။ ထယ်ယောင်းဆိုတဲ့ကောင်လေးက ဂျောင်ဂုကို မမြင်၊ လက်ထဲမှာ တွန်းလှည်းတစ်ခုကိုတွန်းကာ စားဖိုဆောင်ဘက်ဝင်သွားသည်။

ထယ်ယောင်းက ဒီနန်းတွင်းထဲ ဘယ်လိုရောက်လာလဲမသိ။ စပ်စုချင်စိတ်ကလည်း ထိန်းမရတော့တာကြောင့် ဂျောင်ဂု အနောက်ကနေ မသိမသာ လိုက်ကြည့်မိသည်။

စားဖိုဆောင်နားရောက်တော့ စားတော်ကဲကြီးက ထယ်ယောင်းလက်ထဲကို ငွေစအနည်းငယ်ထည့်ပေးကာ တစ်ခုခုကို မှာကြားနေပုံရသည်။ အဝေးကနေ နံရံနဲ့ကွယ်ကာ ကြည့်‌နေသည်မို့ ဘာပြောလဲဆိုတာ ဂျောင်ဂုမကြားရပေ။

ပြောပြီးသွားမှ ထယ်ယောင်းလည်း စားတော်ကဲကို အရိုအသေပြုကာ သူတွန်းလာသော တွန်းလှည်းလေးကို ထားခဲ့ပြီး ပြန်ထွက်လာသည်။

အနားရောက်မှ ဂျောင်ဂုလည်း ထယ်ယောင်းရဲ့ လက်မောင်းကို သူ့ဘက် ဆတ်ခနဲ ဆွဲလိုက်တော့ ထယ်ယောင်းမှာ လန့်သွားပြီး အမြန်မော့ကြည့်သည်။ ဂျောင်ဂုကိုတွေ့မှ သက်ပြင်းရှည်ကြီးချပြီး

"ခင်ဗျားပဲလား၊ မဟုတ်မှ ကျွန်တော့်ကို သတ်ဖို့ နောက်ယောင်ခံလိုက်နေတာလား"

"မင်းလို လူသတ်သမားမဟုတ်ဘူး၊ မှန်မှန်ဖြေ နန်းတွင်းထဲကို မင်းဘာလို့ရောက်လာတာလဲ"

"အလုပ်လုပ်ဖို့ရောက်လာတာပေါ့၊ လွှတ်စမ်းပါ၊ ဈေးသွားဝယ်ရဦးမယ်"

Meet Me In Your Future [Completed]Where stories live. Discover now