🍁23🍁⚠️

8.9K 927 43
                                    

(Unicode)

"တောင်းပန်ပါတယ်"

ဂျောင်ဂုရဲ့ တောင်းပန်စကားဆိုပြီးသည့်တိုင် ကော်ဖီဆိုင်လေးက တိတ်ဆိတ်နေဆဲ။

ဆိုင်ရှင် မင်ယွန်းဂီဆိုသူက သက်ပြင်းသာ တစ်ချက်ချလိုက်ပြီး

"ငါသေတော့မလိုဖြစ်သွားတာလေ"

ဂျောင်ဂုဘာမှပြန်မပြောမိ။ ထယ်ယောင်းကပဲ ကြားထဲကနေ ယွန်းဂီဘက်လှည့်ကာ

"ကျွန်တော် တောင်းပန်ပါတယ် အစ်ကို၊ ဟို...ဟို အစ်ကို စိတ်ကျေနပ်တဲ့ထိ ဆိုင်မှာ လခမယူဘဲ အလုပ်လုပ်ပေးမယ်လေ၊ လူကြီးကို ခွင့်လွှတ်ပေးနော်"

"တော်တော့၊ မင်းအလုပ်လာလုပ်မှာတောင် ကြောက်တယ်၊ အလုပ်မခန့်နိုင်ဘူး သွားကြတော့ နှစ်ယောက်လုံး"

ယွန်းဂီစကားကြောင့် ပြာပြာသလဲဖြစ်သွားသူက ထယ်ယောင်း။

"အဲ့..အဲ့လိုတော့ မလုပ်ပါနဲ့၊ ကျွန်တော် တကယ်အလုပ်ကြိုးစားမှာပါ ပြီးတော့"

"ခွင့်လွှတ်တယ် ခွင့်လွှတ်တယ်လို့ အဲ့ဒါကြောင့် သွားတော့၊ တခြားမှာပဲ အလုပ်ရှာလိုက်တော့"

ယွန်းဂီရဲ့ လေသံမာမာကြောင့် ဘာမှဆက်မပြောတော့ဘဲ ဂျောင်ဂုနဲ့အတူ ဆိုင်ပြင်သို့ ပြန်ထွက်လာတော့သည်။ အနည်းဆုံးတော့ ဂျောင်ဂုကို ဘာမှပြန်မ‌လုပ်တာ တော်သေးသည်လေ။

"လူကြီးကဗျာ၊ မင်းသားယွန်းဂီက လူကောင်းပါလို့ ပြောထားရဲ့သားနဲ့"

"သူက မင်းကို ကယ်ခဲ့လို့လား"

"ဘုရင့်အမိန့်ကို မင်းသားက ဘာလုပ်နိုင်မှာလဲ၊ သူကိုယ်တိုင် အားလုံးကိုယ်စား အပြစ်ခံဖို့ လုပ်ခဲ့ပေမဲ့ ကျွန်တော်က တားခဲ့တာပါ၊ မင်းသားက မကောင်းတဲ့သူ မဟုတ်ပါဘူး"

စူပုတ်ပုတ်လေးနဲ့ပြောပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ဂျောင်ဂုကို ကျော်ကာ လျှောက်သွားတော့သည်။

"မက်မွန်ပွင့်လေး ကားထဲဝင်လေ"

ဂျောင်ဂုက အော်ပြောတော့ ထယ်ယောင်းက နောက်ပြန်လှည့်ကြည့်သည်။

"အိမ်ကနီးနေပြီပဲ ၊ လူကြီးလည်း ပြန်တော့"

ပြောပြီးတာနဲ့ မျက်စောင်းတစ်ချက်ထိုးကာ ခပ်သွက်သွက်လှည့်ထွက်သွားတာကြောင့် စိတ်ဆိုးနေတာ သေချာသည်။ သူအလုပ်မရတော့လို့ပဲလား၊ ယွန်းဂီကို လုပ်မိလို့လား နှစ်ခုလုံးပဲလားတော့မသိ။

Meet Me In Your Future [Completed]Where stories live. Discover now