" နောက်ပိုင်း တိုက်ခန်းတွေက ကောင်းမှန်းသိသွားရင် ကျွန်တော်တို့ ပိုအမြတ်ရလိမ့်မယ် "
ချင်ယွင်ချီ က ဘေးနားက ဖုန်းကို ကောက်ယူလိုက်ကာ ထရပ်လိုက်ပြီး ဟန်ယူကို အေးစက်စွာ ပြောလိုက်သည် ။ " ငါက စီးပွားရေးလုပ်နေတာ .. စိတ်ကူးယဉ်နေတာ မဟုတ်ဘူး "
ကျန်နေခဲ့သည့် လူများက ဟန်ယူအား သနားစွာကြည့်လိုက်သော်လည်း သူတို့ကလည်း ဘာမျှမတတ်နိုင်ပေ ။
လုဖုန်းက သူ့ရှေ့က ကွေ့လန်အာ ကို ကြည့်လိုက်သည်။
" သူဌေး .. Roseက အခုနာမည်ကြီးနေတာ .. အဆောက်အဦး အတွက် သူမကို ကြော်ညာခိုင်းရင် ဘယ်လိုလဲ "
စိတ်အားထက်သန်စွာ ပြောနေသည့် အတွင်းရေးမှူးကြောင့် လုဖုန်းက တစ်ချက်ရယ်လိုက်ကာ လက်ကာပြလိုက်သည် ။သူစကားမပြောရသေးခင်ပင် ကွေ့လန်အာက ဖြတ်ပြောလာသည် ။
" လုဖုန်း . ရှင်က အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကို ခွဲခြားတတ်မယ်လို့ ထင်ပါတယ် "
ထိုအချိန်တွင် တံခါးပွင့်သွားခဲ့ကာ လှပသည့် အမျိုးသမီးတစ်ယောက်ဝင်လာခဲ့သည် ။ သူမသည် ကွေ့လန်အာ ထက်ပင် လှပသေးပြီး သူမထက် မလျော့သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည် ။
လုဖုန်းက နာရီ တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ " အချိန်ကိုက်ဘဲ .. ယူမီ " သူက အတွင်းရေးမှူးကို ပြန်ကြည့်လိုက်ကာ " ချုံးလန် .. သူက ကိုယ်တို့ ကုမဏ္ဍီရဲ့ ပင်တိုင် မော်ဒယ် ဘဲ "
ယူမီက ကွေ့လန်အာ အား လေကဲ့သို့ပင် လစ်လျုရှုထားခဲ့ကာ လုဖုန်းအား  ပြုံးကာ နူတ်ဆက်လိုက်သည် ။ " ရှောင်လု .. မတွေ့ရတာ ကြာပြီ "
အချင်းချင်း ရယ်ရယ်မောမော ပြောနေကြသည့် လူများကြောင့် ကွေ့လန်အာ က မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည် ။ ဒေါသတကြီး ထွက်ခွာသွားသည့် ကွေ့လန်အာကို ယူမီက ကြည့်လိုက်ပြီး " တို့ ဂရုစိုက်ပေးဖို့ လိုမလား "
ယူမီသည် အနုပညာလောကအတွင်း ကွေ့လန်အာ ထက်အရင် ကျင်လည်ခဲ့သည့် သူဖြစ်ပြီး နာမည်ရထားပြီးသား အနုပညာရှင်ဖြစ်သည် ။